(၃-၅-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃-၅-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ သမိုင်းဝင် ထင်ရှားသော ဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် တပ်ဆင်မည်

၂။ မေ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများ၏ မြန်မာအမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာန အသိပေး

၃။ လေပွေလှိင်း‌ကြောင့် 230 KV ရွှေစာရံ -ဘဲလင်း ဓာတ်အားလိုင်း တိုင်ထိပ်ဖျား ကျိုးသဖြင့် ရန်ကုန်တွင် လျှပ်စစ်မီး ပြတ်တောက်

၄။ မြန်မာ – အိန္ဒိယနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကို ပိုမိုပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး နှင့် အိန္ဒိယသံအမတ်တိုဆွေးနွေး

၅။ ဗဟိုဘဏ်မှ အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးနှင့် ပျမ်းမျှသီးသန့်ငွေပေါ် ပေးသည့်အတိုးနှုန်းတိုအား တိုးမြှင့်သတ်မှတ်

၆။ ၁.၁.၁.၁ စစ်ဆင်ရေးကြားတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သော လွိင်ကော်မြို၌ အုပ်ချုပ်ရေးလုပ်ငန်းများပြန်စရန် နစကဘက်က ပြင်ဆင်

၇။ တိုက်ပွဲများအတွင်း ယူကရိန်းတပ်တွေထံမှ သိမ်းဆည်းရမိခဲ့တဲ့ အနောက်တိုင်း စစ်လက်နက်ပစ္စည်းများပြပွဲ မော်စကိုမှာ ပြုလုပ်

၈။ မေလ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၈၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၄၅ ကျပ်၊ Octane 95 – ၂၉၆၀ ကျပ်၊ Diesel – ၂၄၁၀ ကျပ်၊ Premium Diesel – ၂၄၆၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ICC မှာ အစ္စရေးခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးဖိုအခွင့်အာဏာမရှိကြောင်း အမေရိကန်အစိုးရပြော

၂။ တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်အတွက် တရုတ်သံတမန်ကို ဖိလစ်ပိုင် ဆင့်ခေါ်

၃။ တရုတ်နိုင်ငံမှာအမြန်လမ်းတစ်ခု ပြိုကျပျက်စီးခဲ့ခြင်းကြောင့် အနည်းဆုံးလူပေါင်း ၃၆ ဦးအထိသေဆုံး

၄။ အမေရိကန်အောက်လွှတ်တော်က ဂျူးဆန့်ကျင်ရေးနှင့်ပတ်သက်ပြီး အကျယ်အပြန့် အဓိပ္ပါယ် ဖွင့်ဆိုသွားမည့် အငြင်းပွားဖွယ်ဥပဒေကြမ်းကို အတည်ပြုခဲ့

၅။ အပူလှိင်းဝင်၍ ဗီယက်နမ်တွင်ငါးအမြောက်အမြားသေဆုံး

၆။ အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မည်ဟု ကိုလံဘီယာ သမ္မတ ပြောကြား

အားကစားသတင်းများ

၁။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် နိုင်ပွဲအပြီး ဆန်ချိုကို ပြတ်ပြတ်သားသားချီးကျူးစကား ဆိုလိုက်တဲ့ အွန်နရီ

၂။ ယူရို၂၀၂၄မှာ ဗိုလ်စွဲဖို့အတွက် အကြိုက်ဆုံး ၃ သင်းကို ထုတ်ဖော်ပြောကြားလာတဲ့ မော်ရင်ဟို

၃။ မိမိတို့အသင်းဟာ ဆုဖလားအောင်မြင်မှုရဖို့ သတိထားနေကြောင်း အာတီတာ ပြောကြား

၄။ နည်းပြကြီး ရန်းနစ်ဟာ ဘိုင်ယန်မြူးနစ်နည်းပြဖြစ်လာခွင့်ကို ငြင်းပယ်လိုက်ပြီး ဩစတြီးယားနည်းပြအဖြစ်သာ ဆက်ရှိသွားမယ်လို့ သိရ

၅။ စိတ်ဝင်စားဖွယ်အပြောင်းအရွှေ့ကမ်းလှမ်းမှုတွေ ရရှိလာနိုင်တဲ့ လီဗာပူး ကပ္ပတိန်ဗန်ဒိုက်

အနုပညာသတင်းများ

၁။ အရမ်းရယ်နေတဲ့နေ့က အရမ်းစိတ်ညစ်နေလိုပဲဆိုတဲ့ လင်းဇာနည်ဇော်

၂။ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြတဲ့ အိုင်ရင်းဇင်မာမြင့်တိုရဲ့ Wedding Ceremony ပွဲ

၃။ နွမ်းပါးပြီး ကျောထောက်နောက်ခံမရှိသလို ကျန်းမာရေးမကောင်းတဲ့ ရုပ်ရှင်အစည်းအရုံးဝင် ၉ ဦးကို ကူညီထောက်ပံ့ငွေပေးအပ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post စစ်ကိုင်းတိုင်းက မြို့နယ် (၇) ခုမှာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် တစ်ဦး ေ-သဆုံး၊ အဆောက်အဦ (၃၀၀) ကျော် ပျက်စီး