
ဗြိတိန်တော်ဝင်မိသားစု၏ ဝေးလ်မင်းသမီးတွင် ကင်ဆာရောဂါတွေ့ရှိကြောင်း ထုတ်ဖော်ကြေညာ

ဗြိတိန်နိုင်ငံတော်ဝင်မိသားစုဝင်ဖြစ်တဲ့ ဝေးလ်မင်းသား ဝီလီယမ်ရဲ့ဇနီး ဝေးလ်မင်းသမီး ကက်သရင်းက သူမအနေနဲ့ ကင်ဆာရောဂါရှိနေတယ်လို စစ်ဆေးဖော်ထုတ်ချက်တွေအရသိရပြီး အခုအခါမှာဆေးဝါးတွေနဲ့ ရောဂါကိုကုသနေတယ်လို မတ်လ ၂၂ ရက်က ကြေညာချက်ထုတ် ပြောကြားခဲ့ပါတယ်။
ကိတ်မစ်ဒယ်လ်တန်လိုလည်းသိကြတဲ့ ဝေးလ်မင်းသမီးဟာ ဇန်နဝါရီလအတွင်းက လန်ဒန်မှာ ဝမ်းဗိုက်ပိုင်းခွဲစိတ်မှုခံယူခဲ့ရပါသေးတယ်။ သူမအနေနဲ့ အစောပိုင်းက ကင်ဆာရောဂါမရှိဘူးလို ထင်မှတ်ရပါတယ်။

ကိတ်မစ်ဒယ်လ်တန်ရဲ့ကြေညာချက်မှာ ဘယ်လိုကင်ဆာအမျိုးအစားဆိုတာမပြောသလို ဘယ်လိုအဆင့်ရောက်နေပြီလိုလည်း မပြောခဲ့ပါဘူး။ ကန်ဆင်တုန်နန်းတော်ကတော့ ဝေးလ်မင်းသမီးအနေနဲ့ ပြန်လည်ကျန်းမာပြီး နာလန်ထလာလိမ့်မယ်လို ယုံကြည်တယ်လို ပြောခဲ့ပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ကိတ်ကလည်း သူမအနေနဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါကောင်းမွန်ဖို အလေးထား ဆောင်ရွက်နေလို နေ့စဉ်ပဲ ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပါတယ်လို ပြောခဲ့ပါတယ်။ ကိတ်ရဲ့ ယောက္ခမလည်းဖြစ်တဲ့ တတိယမြောက် ချားလ်စ်ဘုရင်ကလည်း ကိတ်အနေနဲ့ ပုံမှန်အတိုင်း သတ္တိရှိရှိနဲ့ရဲဝံ့စွာ ရောဂါကိုရင်ဆိုင်ရဲလို ဂုဏ်ယူပါတယ်လိုပြောခဲ့ပါတယ်။ ချားလ်စ်ဘုရင်ကိုယ်တိုင်လည်း ဖေဖော်ဝါရီလအတွင်းက သူ့မှာ အမျိုးအမည်မပြောကြားတဲ့ ကင်ဆာရောဂါတစ်မျိုးရှိနေတာ ဆေးစစ်ဆေးချက်အရ တွေ့ရပြီး ကုသမှုခံယူနေတယ်လို ပြောခဲ့တာပါ။
မင်းသားဝီလီယမ်က ချားလ်စ်ဘုရင်ရဲ့ သားအကြီးဖြစ်လို အိမ်ရှေ့မင်းသားအရာဆက်ခံရမယ့်သူဖြစ်ကာ ဝေးလ်မင်းသမီးအနေနဲ့လည်း ဘုရင်မိဖုရားအထိဖြစ်လာနိုင်သူလို ဆိုကြပါတယ်။