၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို အောင်မြင်အောင် အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက် သွားကြရမည်ဟု နစက ဉက္ကဋ္ဌ ပြောကြား

နိုင်ငံတော်က ချမှတ်ထားသည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံ့အကျိုး၊ တိုင်းရင်းသား ပြည်သူအားလုံး၏အကျိုးကိုရှေးရှု၍ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ကဏ္ဍအလိုက်နှင့် နယ်ပယ်အလိုက်တွင် လုပ်ငန်းများ အောင်မြင်ရေးအတွက် ယခုထက်တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်သလို ရရှိပြီးဖြစ်သည့် တိုးတက်မှုများကို အရှိန်အဟုန်မပျက်စေဘဲ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို အောင်မြင်အောင် အင်တိုက်အား တိုက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မတ်လ ၂၁ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပြီး စီမံကိန်း၏ အကျိုး ရလဒ်များကို ပြည်သူများအလျင်အမြန်ခံစားရရှိစေရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာကိုလည်း လာမည့် ၂ နှစ်အတွင်း အကျိုးရရှိ စေမည့် လုပ်ငန်းများကိုဖော်ထုတ်ပြီး အမျိုးသားစီမံကိန်းနှင့် ချိတ်ဆက်အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၂-၃-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မွေးနေ့မှာ သားဦးလေးမွေးခဲ့တဲ့ သရုပ်ဆောင် ခေးဆက်သွင်