ဝါဗိုင်းငင်သည့်စက်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အဆင့်မီ စွာဖြင့် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ မှာကြား

ဝါဗိုင်းငင်သည့်စက်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်အဆင့်မီစွာဖြင့် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ဝါစိုက်ပျိုးမှုများမှ ထွက်ရှိသည့် ဝါများကို ဗိုင်းငင်ခြင်းအားဖြင့် ဝါဂွမ်း၊လင်တာဂွမ်း(အမျှင်တို) နှင့်ဝါစေ့များ ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့တွင်ကျင်းပသော ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါတယ်။

ထို့အပြင် ဝါစေ့များကို ဆီကြိတ်သည့်လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဆီစက်လုပ်ငန်းများလည်ပတ်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဖြစ်သည့်အပြင် ဝါစေ့ကြိတ်ဖတ်များအား တိရစ္ဆာန်အစာများအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဝါဂွမ်းများမှတစ်ဆင့် ချည်ထည်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့်ယက္ကန်းစက်များ လည်ပတ်နိုင်ခြင်း၊ ရရှိလာသည့် အထည်အလိပ်များကို အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ခြင်းစသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေး နိုင်မည်ဖြစ်ပြီး ချည်မျှင်နှင့်အထည်အလိပ်နှင့်ပတ်သက်၍ ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံ အတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အလုံမြို့နယ်၌ အထက်တန်းရှေ့နေ (၁) ဦးကို ဝိုင်းဝန်း ရိုက်နှက် ခုတ်ထစ်လုယူခံရမှုနှင့် ပတ်သက်၍ တရားခံ ကျား(၇)ဦးနှင့် အခြားအမှုမှ ဆက်စပ်တရားခံ (၃) ဦးတို့အား ဖမ်းဆီးရမိမှု
Next post (၈-၃-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်