အသက် ၂၆ နှစ်ပြည့်မွေးနေ့အတွက် စုပေါင်းအလှူကို Fan တွေနဲ့အတူ ပြုလုပ်ခဲ့တဲ့ အိအိအောင်ထွန်း @ မီးမီး

စကားသံခပ်ဝဲဝဲလေးကြောင့် ပရိသတ်ချစ်ခင်မှုကို ပိုမိုရရှိလာတဲ့ အလှမယ် အိအိအောင်ထွန်း@မီးမီးရဲ့ အသက် ၂၆ နှစ်ပြည့်မွေးနေ့အတွက် စုပေါင်းအလှူလေးကို ယနေ့ မတ်လ ၆ ရက်နေ့က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ YGW ပရဟိတမိဘမဲ့ကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

“သမီးရဲ့ မွေးနေ့က ချစ်ရတဲ့ Fan တွေက YGW မှာ ကလေးတွေဆီ သွားရတော့ ပျော်ပါတယ်။ အရမ်းလည်းပျော်ပါတယ်။ သမီးမွေးနေ့ကို အကြီးအကျယ်လုပ်ဖြစ်တာမြန်မာပြည်မှာ ပထမဦးဆုံးပါပဲ။ သမီးအသက် ၂၆ နှစ်ပြည့်တာပါ။ ကိုယ်က ၂ နှစ်ကြာသွားတော့ ကိုယ့်ကိုမေ့နေကြပြီထင်တာ။ ချစ်ရတဲ့ Fan တွေက လက်ဆောင်အနေနဲ့ ကိုယ်ပုံလေးကို တကယ့်ကို တန်ဖိုးကြီးတဲ့ရတနာတွေဆင်မြန်းပေးလို့ ဝမ်းသာပီတိမျက်ရည်ကျရပါတယ်” လို့ အလှမယ် အိအိအောင်ထွန်း@မီးမီးက ပြောပါတယ်။

အဆိုပါ ပရဟိတမိဘမဲ့ကျောင်းမှာ ကလေးတွေနဲ့အတူ ပျော်ရွှင်စွာဆော့ကစားခဲ့ပြီးတော့ မွေးနေ့ကိတ်ကိုလည်း ခွဲခဲ့ပါတယ်။ ဒါ့ပြင် ချစ်ရတဲ့ပရိသတ်နဲ့အတူ အဝတ်အထည်တွေ၊ မုန့်တွေနဲ့ ညနေအာဟာရဒါန ကုသိုလ်အနေနဲ့ ကျပ် ၅ သိန်းကိုလည်း စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။

Miss Grand Myanmar 2022 အလှမယ် အိအိအောင်ထွန်း @ မီးမီးကို သူရဲ့ Fan တွေက ကျောက်စီပန်းချီကားတစ်ချပ် ၊ ရုပ်သေးရုပ်တု ၊ တန်ဖိုးရှိ ကျောက်တွေစီခြယ်ထားတဲ့ ဘုရားဆင်တုတော်ကိုလည်း လက်ဆောင်ပေးအပ်ခဲ့ကြပါတယ်။

သူမရဲ့ မွေးနေ့ကတော့ လာမယ့် မတ်လ ၈ ရက်မှာကျရောက်မှာလည်းဖြစ်ပြီးတော့ လက်ရှိမှာ သူမက ရုပ်ရှင်ဇာတ်ကားကြီး တွေ ရိုက်ကူးနေလျှက်ရှိသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်း ဖွဲ့စည်းရေးအတွက် မတ်လ ၇ ရက်နေ့တွင် Fitness Test ကြံ့ခိုင်မှု စစ်ဆေးခြင်း ကို ဆက်လက်ပြုလုပ်မည်
Next post (၇-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ