Duet(စုံတွဲ) သီချင်းနဲ့ Top 12 final finalist second round ထပ်မံ ယှဉ်ပြိုင်မည့် Myanmar Star

Myanmar Star ရဲ့ Top 12 first round သီဆိုယှဉ်ပြိုင်မှုကတော့ချောချောမောမော ပြီးဆုံးခဲ့ပြီဖြစ်သဖြင့် February 17 မှာ ပြိုင်ဝင်များ duet(စုံတွဲ) သီချင်းနဲ့ second round ထပ်မံ ယှဉ်ပြိုင်မှာဖြစ်ပြီး အမှတ်အနည်းဆုံး ၄ ဦးကို February 18 မှာ နှုတ်ဆက်ထွက်ခွါသွားရမှာဖြစ်ပါတယ်။

ဒိုင်အမှတ် ၄၀% ၊ ပရိတ်သတ်အမှတ် ၆၀% နဲ့ top 8 ဆုံးဖြတ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ Top 8 မှာ ကိုယ်အားပေးတဲ့ ပြိုင်ဝင်ကို ပြန်တွေ့ချင်တယ်ဆိုရင် online website ၊ Ooredoo SMS တို့နဲ့ voting ပေးလို့ရပါတယ်။ Voting ပေးချင်တယ် ဆိုရင် 7777 ကို ပြိုင်ပွဲဝင်ရဲ့ code number နဲ့ SMS ပေးပို့ရမှာဖြစ်ပါတယ်။

Code number တွေကတော့ Ehni Shine A01, Le Len A02, Sa Htaung Phen Khee A03, Ruth A04, Rain La A05, C Thu A06, Nway Oo A07, Solo A08, Zaw Zin Htet A09, Ei Myat Cho A10, Thoon Eaindray A11, Hein Thura A12 တွေဖြစ်ပါတယ်။ Online website နဲ့ပေးချင်တယ်ဆိုရင် mm-star.dinger.asia မှာပေးလို့ ရပါတယ်။ နိုင်ငံခြားကနေ voting ပေးနိုင်ဖို့ကိုလည်း လုပ်ဆောင်နေဆဲဖြစ်ပါကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစက ဉက္ကဋ္ဌ က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
Next post ‘တစ်ခါတုန်းကတက္ကသိုလ်မှာ’ မဖြူ ဆိုတဲ့ ကာရိုက်တာလေး ကို ချစ်ပေးကြပါအုံးဆိုတဲ့ ဟန်နလာ