ဒဂုံမြိုသစ် (မြောက်ပိုင်း)မြိုနယ်တွင် ရှော့တိုက်ဒုံးများ ဖမ်းဆီးရမိ

ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အမှတ်၄၁တိုးချဲ့ရပ်ကွက် မင်းရဲကျော်စွာလမ်းအဆုံး၊ ငမိုးရိပ်ချောင်းဘေး ခြံကွက်လပ်အတွင်း ခမမပည JU 982 677 ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။ တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေးဆောင်ရွက်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၁၀၇ မမ၃ လုံးအား သက်မဲ့ပြုလုပ်ခဲ့ပြီးဝန်းကျင်တဝိုက်အား နယ်မြေရှင်းလင်း ရေးဆောင်ရွက်ခဲ့ရတယ်လိုဆိုပါတယ်။

စိစစ်တွေ့ရှိချက်အရ ၁၀၇ မမ ၃လုံးအား ၁၂ ဗို ဘတ္ထရီ ၃လုံးဖြင့် ချိတ်ဆက်ထားပြီး စားပွဲတင်နာရီ ၃လုံးဖြင့် ၀၉၀၀ နာရီအား ချိန်ကိုက်ပြုလုပ်ကာ အနောက် တောင်အရပ် (၂၃၃ဒီဂရီ) သို ဦးတည်ချိန်ရွယ်ထားရှိကြောင်း တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတို့ ထံကသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွှေနန်းထက်စိန်ရွှေရတနာဆိုင် ဖွင့်ပွဲ ငွေကျပ်သိန်း ၅၀၀ဖိုး ဗလာမပါကံစမ်းမဲများဖြင့် ကျင်းပ
Next post နစက ဉက္ကဋ္ဌ က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ