လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ လိုအပ်လာ၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်‌ ဇော်မင်းထွန်း ပြောကြား

မြန်မာနိုင်ငံနှင့် သင့်လျော်မှုရှိသည့် စစ်ရေးဗျူဟာမှာ ပြည်သူ့စစ်မဟာဗျူဟာဖြစ်ပြီး မြန်မာနိုင်ငံနှင့် သင့်လျော်သည့် စစ်မဟာဗျူဟာကို သုံးသပ်ချမှတ်ရာတွင် ၁၉၆၄ ခုနှစ်၊ တပ်မတော်၊ တပ်မှူးများ ညီလာခံမှစတင်ပြီး အကောင်အထည် ဖော်ရန် စတင်ဆွေးနွေးခဲ့ပြီးနောက် ၁၉၆၇ ခုနှစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို လက်ခံရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယခု စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခြင်းမှာလည်း စစ်ရေးတာဝန်တစ်ခုတည်းကို ရည်မှန်းဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံတော် လုံခြုံရေးနှင့်ကာကွယ်ရေးကို တပ်မတော်နှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်သည်။

“စစ်ရေးတာဝန်တစ်ခုတည်းကို ရည်မှန်းပြီးတော့ ဆောင် ရွက်ရတာမဟုတ်ပါဘူး။ ပြည်သူ့စစ်မဟာဗျူဟာရဲ့ ဗဟို ဟန်ချက်ဟာ အမြဲတမ်းတပ်မတော်နဲ့ ပြည်သူလူထုအကြား အဆက်အစပ်ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အမြဲတမ်း တပ်မတော်နဲ့ ပြည်သူလူထုရဲ့အဆက်အစပ်ကို ပြည်သူ့စစ်မှုထမ်းဥပဒေက ပိုပြီးတော့ ခိုင်မာစေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးရန် လိုအပ်လာသော အခြေအနေကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌားန်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ဒီအချိန်အခါမှာလည်း ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ၊ ပြည်သူအားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံးဖို့ လိုအပ်လာပါတယ်။ ဒါတွေကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အတည်ပြု ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်မှာ “စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်။” ဟု သတ်မှတ်ထားသည်။

ထို့ပြင် စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်သည် အနည်းဆုံး ၂၄ လ တာဝန်ထမ်းရမည်ဖြစ်ပြီး အများဆုံး နိုင်ငံတော်အရေးပေါ်ကာလတွင် ငါးနှစ်တာဝန်ထမ်းရမဲ့အပြင် စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန် စစ်မှုမထမ်းလို၍ ရှောင်လွှဲပျက်ကွက်ပါက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သိန်း (၁၀၀)ကျပ်တန်ဖိုးရှိ ကံစမ်းမဲနှင့် အတူ ပြင်ဦးလွင် ကို စိန်နန်းတော်နှင့် ရောက်ရှိလာသော မိုးသူရ နှင့် ယမုံ
Next post ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေဟု နစက သတင်း ထုတ်ပြန်