(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဥပ္ပါတသန္တိ စေတီတော်အနီး တပေါင်းကွင်းတွင် (၅)ရက် ကြာ ကျင်းပမည်

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းတွင် (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းတွင် (၅) ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ (၁၀) ရက်မှ (၁၄) ရက်အထိ ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများကို နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုပွဲတော်ကြီးတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ပြခန်းတာဝန်ရှိသူများ မှ သက်ဆိုင်ရာပြခန်းအလိုက် မိမိတို့ဒေသထွက်ကုန်ပစ္စည်းများနှင့်ရိုရာအစားအစားများကို ပြည်သူများအား ခင်းကျင်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ လယ်ယာလုပ်ငန်းနှင့် EV ဆိုင်ရာ လျှပ်စစ်ယာဉ်များ၊ ရိုးရာအစားအစာများကို ခင်းကျင်းပြသရောင်းချပြီး၊ ဂီတဖျော်ဖြေပွဲများ ကိုလည်း ထည့် သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မင်္ဂလာဒုံမြို့နယ် ဘိုခြံ(ပုလဲ)လမ်းကွန်ကရစ် တိုးချဲ့
Next post ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွား