ပဲခူးတိုင်း တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေး

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ယနေ့ဖေဖေါ်ဝါရီ (၈) ရက်ရက်စွဲဖြင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၁၉ / ၂၀၂၄ ဖြင့် ဒေါ်ခင်အုန်းတင့်အား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့် အပ်မှုကို နစက အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “နေဝင်း အကယ်ဒမီရတာ ဝမ်းသာပေမယ့် ယောကျာ်းထုကြီး မျက်ခုံးလှုပ်ရတယ်” ဆိုတဲ့ ကျော်ကျော်
Next post မင်္ဂလာဒုံမြို့နယ် ဘိုခြံ(ပုလဲ)လမ်းကွန်ကရစ် တိုးချဲ့