၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဝတ်စားဆင်ယင်မှုဆု ချီးမြှင့်

ဖေဖော်ဝါရီ ၃ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန – ၁ (MICC–1) မှာ ကျင်းပ ပြုလုပ်သော ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်မှုအပြင် အကောင်းဆုံးဝတ်စားဆင်ယင်မှု (Fashion Award) သက်ကြီးတန်း (၂)ဆု၊ သက်ငယ်တန်း (၂)ဆု များကိုလည်း ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုအကြီးတန်းဆု- အကယ်ဒမီခန့်စည်သူ ၊အကောင်းဆုံးအမျိုးသမီး ဝတ်စား ဆင်ယင်မှုအကြီးတန်းဆု-အကယ်ဒမီ ခင်သီတာထွန်း ၊ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုဆု-ဟင်နရီဆန် နှင့် အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုဆု-အိချောပို တို့က အသီးသီးရရှိခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံးဝတ်စား ဆင်ယင်မှု (Fashion Award)ဆုများကို မနှစ်က စတင်ချီးမြှင့်ခဲ့တာ အခုဆို ဒုတိယအကြိမ် ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု အပါအဝင် အနုပညာထူးချွန်ဆုနှင့် အတတ် ပညာထူးချွန်ဆု ၁၁ ဆုတို့ကို ပေးအပ်ချီးမြှင့်သွားမယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်
Next post နမီးဘီးယားသမ္မတ ဟိတ်ချ် ဂျီ ဂန်ဂေါ့ဘ် ကင်ဆာရောဂါဖြင့် ကွယ်လွန်