ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တရားမဝင် တရုတ်နိုင်ငံသား များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တရားမဝင် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိကြောင်း ‌ သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ၂၃-၁-၂၀၂၄ ရက်နေ့တွင် နမ့်စန်မြို့နယ် ရှိ ကျေးရွာများ အနီးဝန်းကျင်တွင် တရုတ်နိုင်ငံသားများ ရောက်ရှိနေ ကြာင်း သတင်းရရှိသဖြင့် တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ သွားရောက်ရှင်းလင်းရာ တရားမဝင် ရောက်ရှိ နေသည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦး၊ မ ၃၆ စုစုပေါင်း ၁၀၃၈ ဦးနဲ့ အတူ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းတွင် အသုံးပြုရန် — Desktop ၄၅ လုံး – Laptop ၇ လုံး – ဖုန်းမျိုးစုံ ၂၃၇၃ လုံး – WiFi စက် ၁၂ လုံး တို့ကိုဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားမဝင် တရုတ်နိုင်ငံသားများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂေဟာရဲ့ကလေးတွေကို ပြန်မွေးစားခွင့် လုံးဝမပေးပါဘူး ဆိုတဲ့ ခိုင်နှင်းဝေ
Next post Pure Wellness Clinic ဖွင့်ပွဲ အနုပညာရှင်များ တက်ရောက်