၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ချီးမြှင့်ပွဲ တက်ရောက် လာသော အနုပညာရှင်ထဲမှ လေးဦးကို Fashion Award ဆုပေးအပ်သွားမည်

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပွဲတက်ရောက်လာသော မြန်မာ့ရုပ်ရှင် အနုပညာရှင်လေးဦးကို Fashion Award ဆုပေးအပ်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံး ချီးမြှင့်ပေးသွားမယ့် “MYANMAR ACADEMY FASHION AWARD / မြန်မာ့အကယ်ဒမီဖက်ရှင်ဆု” များကတော့ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသားဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသမီးဆု တို့ပဲ ဖြစ်ပါတယ်။

အသက် (၄၅) နှစ်နှင့်အထက်ကို အကြီးတန်းဆု အဖြစ်သတ်မှတ်ထားပြီး အသက် (၄၅) နှစ်အောက်ကိုတော့ အငယ်တန်းဆု အဖြစ်သတ်မှတ်ပေးထားပါတယ်။ မြန်မာ့အကယ်ဒမီဖက်ရှင်ဆု” ကို ဒီဇိုင်နာများအနေဖြင့် လူတကာငေး၊မြင်သူတိုင်းနှစ်သက်၊ အဆင်ဒီဇိုင်းဆန်းသစ်ပြီး ကာလာလိုက်ဖက်မှုရှိနေသောဝတ်စုံဖြစ်ရပါမည်။

ဝတ်စုံကို မြန်မာ့ယဉ်ကျေးမှုစံချိန်နှင့်အညီ ချုပ်လုပ်ထား ခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားသော ဝတ်စုံမျိုးလုံးဝမဖြစ်ရပါ။ ဆုရရှိတဲ့သူများကိုတော့ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၃) ရက်နေ့ (စနေနေ့) ည (၆) နာရီခွဲမှာ အကုန်လုံးအမှတ်ပေါင်းပြီး ဆုပေးသွားမှာဖြစ်ပါတယ်။ အကဲဖြတ်ဒိုင်လူကြီးများကတော့ ရုပ်ရှင်အစည်းအရုံးမှ အကယ်ဒမီ ဆွေဇင်ထိုက်၊ Stars & Models Int’l မှ ဂျွန်လွင်၊ဖက်ရှင်ဒီဇိုင်နာ အန်တီပေါက်၊မိတ်ကပ် ခင်စန်းဝင်း နှင့် ဓါတ်ပုံ ကိုနိုင် (R2) တို့ပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နှင့်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေး
Next post ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ချယ်ရီပန်းပွဲတော် ကျင်းပမည်