တောင်ကြီးမြို့ရှိ ရွှေတောင်ရိုး အဝေးပြေးကားဂိတ် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုး အဝေးပြေးကားဂိတ်တွင် ယနေ့ (ဇန်နဝါရီ ၁၈ ရက်) နံနက် ၁ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြာင်း ဒေသခံများထံမှ သိရသည်။ အဆိုပါမီးလောင်မှုမှာ မိနစ် ၅၀ နီးပါး ကြာမြင့်ခဲ့ပြီး ကုန်ပစ္စည်းများလည်း လောင်ကျွမ်းခဲ့ကာ အ​သေးစိတ်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

” မီးလောင်တာက များတယ်။ ကုန်ပစ္စည်းတွေလည်း တော်တော်များများ ပါသွားမယ် ထင်တယ်။ ခြံဝင်းကြီးထဲမှာပဲ လောင်တာ “ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၂ စီးဖြင့် ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂန္ထဝင်တေးသံရှင် မောင်မောင်ကြီးရဲ့ နောက်ဆုံးခရီး
Next post အရမ်းတော်ပြီးထက်မြက်တဲ့ မိခင်တစ်ယောက်အဖြစ် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားသည့် စိုးမိုးကြည်