PDF အဖွဲ့က မိသားစုဝင်(၃)ဦးကိုသတ်ဖြတ်ပြီးနောက် ယင်းရုပ်အလောင်းများသယ်လာသည့် နိဗ္ဗာန်ယာဥ်ကိုပါ မိုင်းခွဲတိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် PDF အဖွဲ့ဝင်များက မိသားစုဝင်(၃)ဦးကို သတ်ဖြတ်ပြီးနောက် ယင်းရုပ်အလောင်းများ သယ်လာသည့် နိဗ္ဗာန်ယာဥ်ကိုပါ မိုင်းခွဲတိုက်ခိုက်ခဲ့ကြကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရပါတယ်။

ဖြစ်စဥ်သည် ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)၊ မွန်းတည့်ပိုင်းက ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာ နှင့် မြေနီကျေးရွာအနီး တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယမန်နေ့၊ မွန်းတည့် ၁၂ နာရီခွဲကျော်ခန့်က PDF အဖွဲ့ဝင်(၆)ဦးသည် ဆိုင်ကယ်(၃)စီးဖြင့် ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာရှိ ဦးအောင်ရင် (၇၀)နှစ်၏နေအိမ်သို့ ရောက်ရှိလာခဲ့ကြကြောင်း သိရပါတယ်။

ထိုသို့ ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းသို့ဝင်ရောက်ကာ နေအိမ်အတွင်းမှ ဦးအောင်ရင်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်စန်းရင် (၆၃)နှစ် နှင့် သားဖြစ်သူ ဦးအေးငြိမ်းလင်း(၄၂)နှစ်တို့အား သေနတ်များဖြင့်ပစ်ခတ်ကာ ဓားများဖြင့်လည်း ထိုးခဲ့တာကြောင့် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post The Boat ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပေးပွဲ ကျင်းပ
Next post န-စ-က နှင့် မြောက်ပိုင်းအဖွဲ့တို့ ယာယီ အပစ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်