ဆောင်းရာသီမှာ အနွေးဓာတ်လေးရစေလို၍ အနွေးထည် ၃၀၀ လှူခဲ့တဲ့ ကိုသာဂိ

ကိုသာဂိ အမည်နဲ့ ပရိသတ် အားပေးမှုများစွာရရှိထားသူက‌တော့ အမှန်တကယ်လိုအပ်သူတွေအတွက် ဆောင်း ရာသီဝတ် အနွေးထည် အထည် ၃၀၀ အလှူကို ဒီနေ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က ကိုသာဂိ – Studio & Wedding Service Center ဆိုင်ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အနွေးထည်အထည် ၃၀၀ မှ အထည် ၁၀၀ ကို Noble Construction မှ ကိုစွမ်းပြည့်နဲ့ မနီလာ၀င်း ဖြည့်လှူပေးခဲ့လို အထူး ကျေးဇူးတင်တဲ့ အကြောင်း ကိုသာဂိရဲ့ လူမှုကွန်ယက်အကောင့်ကနေ ရေးသားဖော်ပြထားပါတယ်။ ထို့ပြင် ကိုသာဂိက ချစ်ရသောမိဘပြည်သူ များကိုဆောင်းရာ သီမှာ အနွေးဓာတ်လေး ရစေလိုသောရည်ရွယ်ချက်လေးနဲ့အနွေးထည် အထည် (၃၀၀) တိတိကို ကိုသာဂိ Studio Wedding Service Center ရှေ့မှာ ကိုသာဂိကိုယ်တိုင်လှူဒါန်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။မည်သူမဆိုလာရောက်ယူနိုင်ပါတယ်ခင်ဗျာ။ လိပ်စာ အမှတ်233,ဝေဇယန္တာလမ်းမကြီး၊ရတနာလမ်းမီးပွိုင့်အနီး၊တောင်ဉက္က လာပမြို့နယ်၊ရန်ကုန်မြို့ လို့ ‌ရေးသားဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပ
Next post လားရှိုး-နမ္မတူလမ်းရှိ နားကွမ်းရွာတံတားကို အကြမ်းဖက်များ ဖောက်ခွဲဖျက်ဆီး