ဇွဲကပင်ကုန်းမြို့ပတ်လမ်းဘက်မှ ဘားအံမြို့ရှောင်လမ်းဘက် သို့ တိုက်ရိုက်သွားနိုင်သည့် သိမ်တော်ကြီး-ကမော့ကစင် ကွန်ကရစ်လမ်း ဖွင့်လှစ်

ဘားအံမြို့တွင်း ဇွဲကပင်ကုန်းမြို့ပတ်လမ်းဘက်မှ မြို့ရှောင်လမ်းဘက်သို့ တိုက်ရိုက်သွားလာနိုင်သည့် သိမ်တော်ကြီး-ကမော့ကစင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ဇန်နဝါရီ (၇) ရက် နံနက် (၈) နာရီက ကျင်းပသည်။ အဆိုပါလမ်းကို (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ (၂၀၃၄ ဒဿမ ၃၆) သန်းဖြင့် ဆောင်ရွက်ခဲ့သည်။

ယခင်က လူသွားလမ်းသာသာ ရှိခဲ့သောလမ်းကို ၂၀၂၁ ခုနှစ် မီနီဘဏ္ဍာရေးနှစ်တွင် ပေ (၃၀) အကျယ် မြေသားတစ်ကြောင်း ထိုးလမ်း စတင်ဆောင်ရွက်ခဲ့ပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် သံကူကွန်ကရစ် Box-Culvert (၈)စင်းပါဝင်သော အမာခံမြေသားလမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ကာ ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ၁၈ ပေအကျယ် ကွန်ကရစ်လမ်း (၂ ဒဿမ ၈၉၁) ကီလိုမီတာ၊ Box Culvert (၁၃)စင်း၊ ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်းတွဲလျက် (၁၉၀၉) ပေ၊ ကျောက်စီမြေထိန်းနံရံ (၄၉၂) ပေ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ဘားအံမြို့တွင်း ဇွဲကပင်ကုန်းမြို့ပတ်လမ်းဘက်မှ မြို့ရှောင်လမ်းဘက် ထိုမှတစ်ဆင့် ဘားအံမြို့ရှောင်လမ်းအတိုင်း မြို့အဝင်ဆင်ဖြူတော်အဝိုင်း၊ သံလွင်တံတား-ရန်ကုန်ဘက်ကိုလည်ကောင်း၊ ကော့ကရိတ်-မြဝတီဘက်ကိုလည်းကောင်း၊ ဘားအံ-ကြာအင်းလမ်းအတိုင်း ဟိုတယ်ဇုံ၊ ဇွဲကပင်တောင်ခြေ လုမ္ဗနီဥယျာဉ်ဘက်ကိုလည်းကောင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာသည့် လမ်းကွန်ရက်များအတိုင်း ယာဉ်ကြောပိတ်ဆို့မှုနည်းပါးစွာ၊ ယာဉ်အန္တရာယ်/ လမ်းအန္တရာယ်နည်းပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အောင်သမာဓိ ဆိုင်အမှတ်(၈)ရွှေဂုံတိုင်ဆိုင် Grand Opening MGI 1st Runner-Up ဆုရှင် နီနီလင်းအိမ် တက်ရောက်
Next post နာခွန် ရချာရှီးမား မာဇဒါ ( ခိုရတ် ) အသင်းနှင့် ပွဲဦးထွက်မှာပင် ဂိုးရခဲ့သည့် အောင်ကောင်းမာန်