နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံလွှင့်တင်အခမ်းအနား ကျင်းပ

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံလွှင့်တင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ (၄) ရက်၊ နံနက် (၀၇:၃၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့သို့ ကွမ်ရှီးဒေသအစိုးရရုံး၊ ကွမ်ရှီးဒေသ နိုင်ငံခြားရေးရုံး၊ နန်နင်းမြို့အစိုးရရုံး၊ နန်နင်းမြို့နိုင်ငံခြားရေးရုံး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး တရုတ်ကောင်စီ (ကွမ်ရှီးကော်မတီ) (CCPIT) (Guangxi Committee)၊ တရုတ်-အာဆီယံ စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှပ်နှံမှု ထိပ်သီး အစည်းအဝေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်ရုံး (CABIS) နှင့် ဘရူနိုင်း-ကွမ်ရှီး ကုန်သည်ကြီးများအသင်း တို့က ဂုဏ်ပြုပန်းခြင်းများ ပေးပို့ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တိုက်ပွဲတွေက တောတောင်အတွင်းမှာ မဟုတ်တော့ဘဲ မြို့ပြနေရာတွေအထိ ဆင်နွှဲလာကြတဲ့အတွက် ရှေ့တန်း နယ်မြေ ပိုမိုကျယ်ပြန့်လာတာကို တွေ့ရတယ်လို့ တပ်ချုပ် ပြောကြား
Next post တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည်