“လူငယ်နှင့်စာပေအနုပညာပွဲတော်” ၌ ဝန်ကြီးဌာန (၁၅) ခုမှ ပြခန်းပေါင်း (၆၂) ခန်း ခင်းကျင်းပြသမည်

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ စီစဉ် ကျင်းပမည့် “လူငယ်နှင့်စာပေအနုပညာပွဲတော်” ၌ ဝန်ကြီးဌာန (၁၅) ခုမှ ပြခန်းပေါင်း (၆၂) ခန်း ခင်းကျင်းပြသမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ပြခန်းများ ခင်းကျင်းပြင်ဆင် ထားရှိမှုနှင့် ဖွင့်ပွဲအခမ်းအနား အတွက် ဇာတ်တိုက်လေ့ကျင့် နေမှုများကို ဒီဇင်ဘာ (၁၇) ရက်၊ မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ပြခန်းများအပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာအစား အစာဆိုင်များ၊ စာအုပ်အရောင်းဆိုင်များ စီစဉ်ထားရှိကာ ဒီဇင်ဘာ (၂၀) ရက်မှ (၂၂) ရက်အထိ နေ့စဉ် နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲ အထိ မည်သူမဆို အခမဲ့ဝင်ရောက် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်တွင်း စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ရေနံချက်စက်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်ဖို့ နစက ဥက္ကဋ္ဌ ပြောကြား
Next post အမြန်လမ်းတွင် ၁၀ ဘီးကား ယာဥ်မောင်း အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိ ထန်းပင်ဝင်တိုက်မိကာ မီးလောင်ပျက်စီး