အမြန်လမ်းတွင် ၁၀ ဘီးကား ယာဥ်မောင်း အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိ ထန်းပင်ဝင်တိုက်မိကာ မီးလောင်ပျက်စီး

အမြန်လမ်း မိုင်တိုင် ၁၂၉ တွင်၁၀ ဘီးဘောက်ကား ယာဥ်မောင်းအိပ်ငိုက်ပြီး ထန်းပင်ဝင်တိုက်မိရာမှ ၁၀ ဘီး ဘောက်ကား တစ်စီး မီးလောင်ပျက်စီးမှု ယနေ့မနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။

ဒီဇင်ဘာ ၁၈ ရက် နံနက် ၂ နာရီ ၀၂ နာရီခွဲခန့်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၁၂၉/၇)အနီး ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Hono Profia ၁၀ ဘီးဖြူ/ပြာရောင်‌ဘောက်ကားယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောင်ပွတ်တိုက်မိကာ မီးလောင်၍ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကို ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် ၅ ဦး၊ ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ ၆ ဦး၊ ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးနှင့်အတူ မီးငြှိမ်းသတ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း နှင့် ယာဥ်တစ်စီးလုံးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။

ယာဥ်မီးလောင်ပြီး တစ်စီးလုံးပျက်စီးသော်လည်း ယာဉ်ပေါ်တွင်လိုက်ပါလာသော ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိဟုလည်းစုံးမ်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “လူငယ်နှင့်စာပေအနုပညာပွဲတော်” ၌ ဝန်ကြီးဌာန (၁၅) ခုမှ ပြခန်းပေါင်း (၆၂) ခန်း ခင်းကျင်းပြသမည်
Next post Mister Friendship International 2023 မှာ Title ဆု၄ ဆု ကိုရရှိခဲ့တဲ့ 5th Runner​ Up​ဆုရှင်​ ကောင်းစစ်