ပြည်တွင်း စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ရေနံချက်စက်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်ဖို့ နစက ဥက္ကဋ္ဌ ပြောကြား

ပြည်တွင်း စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ရေနံချက်စက်ရုံများအား အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ပြောကြားခဲ့သည်။

ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းပါက ကုန်ကျမည့် ကုန်ကျစရိတ်နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်းအားပြည့် ပြန်လည် လည်ပတ်ပြီး ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျနိုင်မည့် ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်)ကို မူလအခြေအနေအတိုင်း ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေးကို ကနဦး ဆောင်ရွက်သွားရန်လိုပြီး နောက်ပိုင်း အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့် အတွက် အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး၏ (၁၆) ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Next post “လူငယ်နှင့်စာပေအနုပညာပွဲတော်” ၌ ဝန်ကြီးဌာန (၁၅) ခုမှ ပြခန်းပေါင်း (၆၂) ခန်း ခင်းကျင်းပြသမည်