AFC CUP အုပ်စု နောက်ဆုံးပွဲတွင် ရှမ်းယူနိုက်တက်အသင်း ၂ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

AFC CUP 2023 – 24 အုပ်စု နောက်ဆုံး ပွဲစဥ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်၊ ည ၆ : ၃၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက် (မြန်မာ)နှင့် ဖနွမ်းပင်ခရောင်း (ကမ္ဘောဒီးယား) ကလပ်အသင်းတို့ ယှဥ်ပြိုင် ကစားခဲ့ရာ ရှမ်းယူနိုက်တက် အသင်းက ၂ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပထမပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန် ကစားခဲ့ပြီး ပွဲချိန် ၃၁မိနစ်တွင် နီတိုက ဖနွမ်းပင် ခရောင်း အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ယင်းနောက် ရှမ်းယူနိုက်အသင်းက ရရှိသည့် အခွင့်အရေးများကို အသုံးချနိုင်ခဲ့၍ ပွဲချိန် ၄၁ မိနစ်တွင် ဘယ်လိုက ချေပဂိုး၊ ပွဲချိန် ၄၅ မိနစ်တွင် ရဲရင့်အောင်က ဒုတိယ ဦးဆောင်ဂိုး သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ဖနွမ်းပင် ခရောင်းအသင်း၏ ထိုးဖောက်မှုများကို ရှမ်းအသင်း က အကောင်းဆုံး ကာကွယ်နိုင်ခဲ့၍ ပွဲအပြီးတွင် ရှမ်းအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲ၏ Man Of The Match ဆုကို ရှမ်းယူနိုက်တက်အသင်းမှ မက်ခ်ဆာကီ ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စိန်ဧကရီ စိန်တိုက်ရဲ့ ကြော်ငြာအသစ်မှာ မြင်တွေ့ရမယ့် စိုင်းစိုင်း နဲ့ စိန်ဧကရီ ပဲ့ကိုင်ရှင် ဒေါက်တာ သဲစုခိုင်
Next post စားသုံးဆီနှင့် စက်သုံးဆီများကို အမြတ်တင်ရောင်းချခဲ့သည့် ကုမ္ပဏီတချို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း နစက ဒုဥက္ကဋ္ဌ ပြောကြား