စားသုံးဆီနှင့် စက်သုံးဆီများကို အမြတ်တင်ရောင်းချခဲ့သည့် ကုမ္ပဏီတချို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း နစက ဒုဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော်နှင့် ပြည်သူများအပေါ် မတော်လောဘဖြင့် စားသုံးဆီနှင့် စက်သုံးဆီများကို အမြတ်တင်ရောင်းချခဲ့သည့် ကုမ္ပဏီ အချို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီး၊ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ကျဝန် ထမ်းများကို တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်မှုမရှိစေရေး၊ ငွေကြေးတောင်းခံမှုများ မရှိစေရေး၊ လာဘ်ပေးလာဘ်ယူမှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက် ရန် အကြိမ်ကြိမ် မှာကြားခဲ့ပြီး ဖြစ်ကြောင်း။

သို့သော်လည်း တာဝန်ကျဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများ တွင် ငွေကြေး ရယူပြီး ဖြတ်သန်းခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ ပါ၊ မပါကို မျက် ကွယ်ပြုပြီး လာဘ်ငွေရယူ စေလွှတ်ခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည်ကို သိရှိလျက်နှင့် ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ငွေကြေးရယူပြီး လွှတ်ပေး ခြင်း၊ တားဆီးစစ်ဆေးရာ တွင် တရားမဝင်ကုန်စည်များ တွေ့ရှိသော်လည်း တန်ဖိုး နည်းကုန်စည်အချို့ကိုသာ ဟန်ပြဖမ်းဆီးအရေးယူခြင်း စသည့် နည်းမျိုးစုံနှင့် ပတ် သက်နေသည်ဟု သတင်းများကို ကြားသိနေရကြောင်း၊ ယင်းကို တာဝန်ရှိသူ အဆင့် ဆင့်က ကြပ်ကြပ်မတ်မတ်စစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူကြရန်  တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ကျဝန်ထမ်းများနှင့် အုပ်ချုပ်သူ များကို အထူးမှာကြားလိုကြောင်း။

ထို့ပြင် တာဝန်ကျ ဝန်ထမ်းများအနေဖြင့် ကုန်ပစ္စည်းအပါအဝင် ကုန်တင်ယာဉ်များစစ်ဆေးရာတွင် ဆက်ဆံရေးပြေပြစ်ရန်နှင့် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးရန်လိုအပ်ပြီး ဆက်ဆံရေး မပြေလည်ခြင်းသည် ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေ ရုံသာမက ခရီးသွား အများပြည်သူကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း၊ ယင်းကို ကြပ်မတ်ထိန်းကျောင်းနိုင်မှု မရှိပါ က အများပြည်သူအနေဖြင့် အစိုးရအပေါ်တွင် အမြင်လွဲမှားနိုင်ကြောင်း နစကဒုဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post AFC CUP အုပ်စု နောက်ဆုံးပွဲတွင် ရှမ်းယူနိုက်တက်အသင်း ၂ဂိုး ၁ ဂိုးဖြင့် အနိုင်ရ
Next post မင်္ဂလာပွဲပြီး ပထမအကြိမ် ပြန်လည်ပွဲတက်ရောက်လာတဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်