2023 CAF Awards ဆုပေးပွဲကျင်းပ

အာဖရိကဘောလုံးအဖွဲ့ချုပ်ကနေ ကြီးမှူး ကျင်းပလိုက်တဲ့ 2023 CAF Awards ဆုပေးပွဲကို မော်ရိုကိုနိုင်ငံ၊ Marrakech ရှိ Palais des Congrès တွင် ဒီဇင်ဘာလ ၁၁ ရက်‌နေ့က ကျင်းပခဲ့ပါသည်။

2023 CAF Awards ဆုပေးပွဲတွင် တစ်နှစ်တာအတွင်း အကောင်းဆုံးဆုရရှိသူများ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု – အိုဆင်မန် (နာပိုလီ/နိုင်ဂျီးရီးယား) တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု(အမျိုးသမီး) – အိုရိုအာလာ (ဘာစီလိုနာ/ နိုင်ဂျီးရီးယား)၊ တစ်နှစ်တာအကောင်းဆုံး နည်းပြဆု – ရီဂရာဂီ (မော်ရိုကိုနည်းပြ)၊ တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု – ဘိုနို (အယ်လ်ဟီလယ်/မော်ရိုကို)၊ တစ်နှစ်တာအကောင်းဆုံး နိုင်ငံအသင်း – မော်ရိုကို၊ တစ်နှစ်တာ အကောင်းဆုံးနိုင်ငံ အသင်း(အမျိုးသမီး) – နိုင်ဂျီးရီးယား၊တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်း – အယ်လ်အာလီ (အီဂျစ်) တို့က ရရှိခဲ့သည်။

နာပိုလီနဲ့အတူ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပြီး စီးရီးအေ ဂိုးသွင်းအများဆုံးဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ အိုဆင်မန်က CAF Plyaer of the Year ဆုရဲ့ Top 3 စာရင်းထဲ ပထမဆုံးအကြိမ် ပါဝင်ခဲ့ရတဲ့ နှစ်မှာပဲ CAF POTY ဆုကိုပါ ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး UNFPA နှင့်ဆွေးနွေး
Next post 𝐈’𝐀𝐔𝐑𝐀 𝐁𝐫𝐚𝐧𝐝 နှင့်လက်တွဲ လုပ်ကိုင်ရန် စာချုပ်ချုပ်ဆို ခြင်းခံရသော 𝐌𝐢𝐬𝐬𝐆𝐫𝐚𝐧𝐝𝐌𝐲𝐚𝐧𝐦𝐚𝐫 2024 သဲစုငြိမ်း