သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး UNFPA နှင့်ဆွေးနွေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့အား ဒီဇင်ဘာ (၁၁)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား ယခင်ကတည်းက လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ယခင်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်မှုများ ဆွေးနွေးကြသည်။

ဒါ့အပြင် ဝန်ကြီးဌာန၏ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများတွင် တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်၊ ထိုင်းနိုင်ငံအခြေစိုက် UNFPA အာရှ – ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်နေမှုနှင့် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လားရှိုးမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ငယ်များ ပြေးဆွဲနေပြီး ယာဉ်စီးခမှာ ယခင်ကထက် မြင့်တက်
Next post 2023 CAF Awards ဆုပေးပွဲကျင်းပ