
လားရှိုးမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ငယ်များ ပြေးဆွဲနေပြီး ယာဉ်စီးခမှာ ယခင်ကထက် မြင့်တက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ မန္တလေးမြို့သို့ အိမ်စီးခရီးသည်တင် ယာဉ်ငယ်များပြေးဆွဲနေပြီး ယာဉ်စီးခမှ ယခင်ကထက် မြှင့်တက်လျက်ရှိကြောင်း သိရသည်။

လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ် သီပေါမြို့နယ်အတွင်းရှိ ကျင်သီတံတား၊ သီပေါမြို့နှင့် လားရှိုးမြို့ကြားရှိ စဉ့်အင်တံတား ကျိုးကျထားမှုကြောင့် လားရှိုး-မန္တလေးခရီးစဉ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)ဘက်မှ ပတ်သွားကြရကြောင်း သိရသည်။
လားရှိုးမှ မန္တလေး ခရီးစဉ်ကို လားရှိုး -မိုင်းရယ်၊ နမ့်လန်၊ ကျောက်ဂူ၊ နောင်ချိုလမ်း၊ လားရှိုး -မိုင်းရယ်-ရပ်စောက်-ပင်းတယ-ရွာငံ-ဟံမြင့်မိုရ်-ကျောက်ဆည်-မန္တလေးလမ်းအတိုင်း သွားရောက်ကြကြောင်း သိရသည်။လားရှိုး-မန္တလေးယာဉ်စီးခမှ တစ်ဦး လျှင် ရှေ့ခန်းကျပ်တစ်သိန်းငါးသောင်း၊ နောက်ခန်းတစ်သိန်း နှစ်သောင်းကျပ်ထိဈေးရှိကြောင်း သိရသည်။
More Stories
အမေရိကန်မှ ရွေ့လျားဆေးရုံ နေပြည်တော်တွင်ဖွင့်၊ မကြာမီ အထူးကြပ်မတ်ဆောင် ၁ ဆောင်နှင့် ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်မည်
နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြိုနယ်အားကစားကွင်း၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေစိုက် Samaritan’s Purse Internation Relief Organization ၏ရွေ့လျားဆေးရုံကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၉ ရက်...
နေပြည်တော် ရှိ ငလျင်ဒဏ်သင့် MICC1 နှင့် ရန်အောင်မြင်ဆည် သို့ နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
နစက ဥက္ကဋ္ဌသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည့် MICC-1 ပင်မအဆောက်အအုံအဝင်မျက်နှာကြက်ထိခိုက်ပျက်စီးမှုများ၊ ကျောက်စိမ်းခန်းမ၊ ပတ္တမြားခန်းမ၊ မြခန်းမတို့၏ မျက်နှာကြက်ပျက်စီးမှုများနှင့် အစည်းအဝေးခန်းမများ၊ နံရံများအနည်းငယ်ကွဲအက်နေမှုနှင့် ပျက်စီးမှုအချို့အားကြည့်ရှု စစ်ဆေးခဲ့သည်။ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်တွင် ငလျင်ဒဏ်ကြောင့် ကုန်း ချောတမံအက်ကွဲကြောင်းများအား ယာယီပြုပြင်ထားရှိမှု၊...
နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ နောက်ဆုံးထား လျှောက်ခွင့်ပြုမည်
၂၀၂၅ခုနှစ် အထွေအထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို မေလ(၉)ရက်နေ့ နောက်ဆုံးထား လျှောက်ရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ သည်။ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့်အတွက် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ နိုင်ငံရေးပါတီများပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းများကို...
နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင် -၃၀၀)ကို နစက ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင် -၃၀၀)ရှိ ဆေးကုသဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၈ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးခဲ့မှုများအား ဆောက်လုပ်ရေးပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ပြုပြင်၍ရနိုင်သည့်အဆောက်အဦများကို ပြန်လည်ပြုပြင်ခြင်း၊...
မန္တလေးငလျင်ကြီးကြောင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်း ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး
ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်းရှိ အားကစားရုံများကိုပါသက်ရောက် ထိခိုက်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၇ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ အားကစားပြိုင်ကွင်းကြီးအတွင်းရှိ ဘောလုံးကွင်းနှင့်...
မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစကဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ
ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသပေးနေသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital တွင် ဆေးကုသမှုခံယူနေသူများကိုနစက ဥက္ကဋ္ဌက ဧပြီ ၆ ရက် နေ့ကသွားရောက်နှုတ်ဆက်၍ အားပေးခြင်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီးနောက် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ ကိုလည်ကျေးဇူးတင်စကားပြောကြားပြီး...