Blackpink ကို ဗြိတိန်ဘုရင်က ဂုဏ်ထူးဆောင် MBE ဘွဲ့ချီးမြှင့်

ကမ္ဘာကျော် တောင်ကိုရီးယားအမျိုးသမီးအဆို‌တော်အဖွဲ့ဖြစ်သည့် Blackpink သည် သမ္မတယွန်းဆော့ယော် ဗြိတိန်နိုင်ငံ သို့ရောက်ရှိနေသည့် နိုင်ငံတော်ခရီးစဉ်အတွင်း၌ ဗြိတိန်အစိုးရ၏ဂုဏ်ပြုညစာစားပွဲသို့ဖိတ်ကြားခံခဲ့ရရုံသာမက ဗြိတိန်ဘုရင် တတိယမြောက် ချားလ်စ် ဘုရင် မင်းမြတ်ကိုယ်တိုင်က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဆု(MBE) ကိုလည်း နိုဝင်ဘာ ၂၂ ရက်က ရရှိခဲ့ပါတယ်။

Blackpink အဖွဲ့ဝင်များသည် ဗြိတိသျှအင်ပါယာက ချီးမြှင့်သည့်ဂုဏ်ထူးဆောင် MBE ဆုတံဆိပ်ကို ရရှိခဲ့သည့် ပထမဆုံးသော အာရှအနုပညာရှင်များဖြစ်ကြပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဂျန်းနီ၊ဂျီဆူး၊ လီဆာ နှင့် ရို့စ် တို့သည် ဆုတံဆိပ်များ ပေးအပ်နေချိန်‌၌ ဗြိတိန်ဘုရင်မင်းမြတ် နှင့် ရယ်မောကာ ဓာတ်ပုံရိုက်ခဲ့ကြသည်ကိုလည်းမြင်တွေ့ရသည်။

Blackpink အဖွဲ့ဝင်များသည် ဂုဏ်ထူးဆောင် MBE ဆုအား ဗြိတိန်ဘုရင်ကိုယ်တိုင် ပေးအပ်ချီးမြှင့်ပေးခြင်း ခံခဲ့ရရုံသာမက ဗြိတိန်ဘုရင်က မိန့်ခွန်းပြောကြားရာတွင်လည်း အဖွဲ့ဝင်တစ်ဦးချင်းစီ၏နာမည်များအားထည့်သွင်းပြောကြားကာ ဂုဏ်ပြုခြင်းကိုလည်းခံခဲ့ရသေးကြောင်းသိရသည်။

ကမ္ဘာပေါ်မှာ Honorary MBEs award ရရှိဖူးတဲ့ ဂီတအနုပညာရှင်ဆိုလို BLACKPINK (2023), The Beatles (1965), Ed Sheeran (2017) နဲ့ Adele (2013)တိုသာလျှင်ရှိပါသေးတယ်။ BLACKPINK ကတော့ Honorary MBEs award ကိုရရှိတဲ့ FIRST and ONLY အာရှအနုပညာရှင်ဖြစ်သလို ထိုဆုကိုရရှိတဲ့ FIRST and ONLY Female Group လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပုဂ္ဂလိကကျောင်းတွေမှာ အစိုးရကလူစာရင်းများတောင်းခံနေ ကြောင်း ကောလာဟလသတင်းများ လုပ်ကြံဖန်တီး
Next post မူဆယ်၊ ကျင်စန်းကျော့ဂိတ် ကို မြောက်ပိုင်းမဟာမိတ် အကြမ်းဖက်အဖွဲ့များက ဒရုန်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်