အာဇာနည်နေ့ အခမ်းအနားအတွက် ရန်ကုန်မြို့ရှိလမ်းအချို့ ၃ ရက်ခန့် ယာယီပိတ်မယ်

ဇူလိုင် ၁၁ ၊ ၂၀၂၃ ခုနှစ်

(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရန်အတွက် ရန်ကုန်မြို့ရှိလမ်းအချို့အား ၃ ရက်ခန့် ယာယီပိတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဇာနည်ဗိမာန် အနီးရှိလမ်းများအားဇူလိုင် ၁၉ ရက်တွင်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်အနီးရှိလမ်းများနှင့် အတွင်းဝန်ရုံးအနီးရှိလမ်းများအား ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိလည်းကောင်းအချိန်ကန့်သတ်ကာလမ်းပိတ်၊ လမ်းလွှဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

လာမယ့် ဇူလိုင်လ ၁၉ ရက်မှာကျရောက်မယ့် (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအားဗဟန်းမြို့နယ်ရှိအာဇာနည်ဗိမာန်တွင်ကျင်းပမှာဖြစ်တဲ့အတွက် အခမ်းအနားကျင်းပမည့်အချိန်နံနက် ၄ နာရီမှ အခမ်းအနား ပြီးဆုံးသည်အထိအနောက်ရွှေဂုံတိုင်လမ်းအားရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ဓမ္မစေတီလမ်းအားဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှလည်းကောင်း၊ ဓမ္မစေတီလမ်းအားအင်းယားမြိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအားအနောက်ရွှေဂုံတိုင်လမ်းနှင့်ဦးဝိစာရလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအားဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှလည်းကောင်း၊ ဦးဝိစာရလမ်းအားဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံအထိနှင့်ရွှေတိဂုံဘုရားမြောက်ဘက်မုခ်(သွေးဆေးကန်)လမ်းတို့အား ခေတ္တပိတ်ထားမည်ဖြစ်ပြီးလမ်းပိတ်၊ လမ်းလွှဲများပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ဖွင့်လှစ်မည့်နေရာအားဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိနံနက် ၅ နာရီမှည ၆ နာရီအတွင်းနတ်မောက်လမ်းအားဝင်္ကဘာလမ်းဆုံမှလည်းကောင်း၊ နတ်မောက်လမ်းအားဖိုးစိန်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအားငါးထပ်ကြီးဘုရားလမ်းနှင့် ဆုံရာမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအားရွှေကြက်ယက်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအားစောမဟာလမ်းဆုံတို့မှလည်းကောင်းခေတ္တပိတ်ထားမှာဖြစ်ပြီးလမ်းပိတ်/လမ်းလွှဲပြုလုပ်သွားမှာဖြစ်ပါတယ်။

ထို့အတူအလံတင်အခမ်းအနားကျင်းပမည့် အတွင်းဝန်ရုံးအားဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိနံနက် ၅ နာရီမှည ၆ နာရီအတွင်းသိမ်ဖြူလမ်းအားဗိုလ်ချုပ်လမ်းဆုံမှလည်းကောင်း၊ အနော်ရထာလမ်းအားဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအားပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအားကုန်သည်လမ်းဆုံမှ လည်းကောင်းလမ်းများပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ထို့ကြောင့် ယာဉ်မောင်းသူပြည်သူများအနေဖြင့် အခမ်းအနားကျင်းပစဉ် လမ်းပိတ်လမ်းလွှဲဆောင်ရွက်နေသည့်အချိန်များ၌ အခြားသင့်လျော်သည့် လမ်းများမှမောင်းနှင်သွားလာကြရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြိုတင်အသိပေးသတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိမိတို့လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာသည့် အမေရိကန်ထောက်လှမ်းရေးလေယာဉ်များကို ပစ်ချမည်ဟု မြောက်ကိုရီးယား သတိပေး
Next post