MGI 2023 1st Runner Up ဆုရှင် နီနီလင်းအိမ်ကို ထိုင်းရောက်မြန်မာများ လာရောက်ကြိုဆို

နိုဝင်ဘာ ၃ရက် ညနေ ၃ နာရီခွဲအချိန်မှာ ထိုင်းနိုင်ငံ လေဆိပ်ကို ရောက်ရှိလာတဲ့ Miss Grand International 2023 1st Runner Up ဆုရှင် အလှမယ် နီနီလင်းအိမ်ကို ထိုင်းရောက်ရွှေမြန်မာများ လေယာဉ်ကွင်း အပြည့်နီးပါးလာရောက်ကြိုဆို တယ်လို့ သိရှိရပါတယ်။

ဗီယက်နမ်နိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့ Suvarnabhumi International Airport ကို Miss Grand International 2023 ပြိုင်ပွဲက Top 10 စာရင်းဝင် အလှမယ်တွေ အားလုံး လာရောက်ခဲ့ကြတာလည်းဖြစ်ပြီး ထိုင်းနိုင်ငံက မီဒီယာတွေလည်း လာရောက်ခဲ့ကြတာ တွေ့ရပါတယ်။

မြန်မာ့ဂုဏ်ဆောင်အလှမယ် Miss Grand International 2023 1st Runner Up ဆုရှင်နီနီလင်းအိမ်ကို ထိုင်းနိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ မြန်မာပြည်သူတွေနဲ့ Fan တွေက မြန်မာ နိုင်ငံတော် တေးသီချင်းတွေနဲ့ ပန်းစည်းတွေ မြန်မာနိုင်ငံအလံကို ကိုင်ဆောင်ကာ လာရောက်တွေ့ဆုံ ကြိုဆိုဂုဏ်ပြုကြတာဖြစ်ပါတယ်။

Miss Grand Myanmar National Director ထူးအံ့လွင်နဲ့ Miss Grand Myanmar 2022 အလှမယ် အိအိအောင်ထွန်း တို့ကလည်း နီနီလင်းအိမ်ကို ဝန်းရံပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ(၁၃) ကြိမ်မြောက် မဟာဘုံကထိန်လှူဒါန်း
Next post နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ