ထိုင်းဘုန်းကြီးကျောင်းဝင်းအတွင်း ခုတ်လှဲခံရတဲ့ သစ်ပင်ရဲ့ ပင်စည်အနှစ်အသားထဲမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တွေ့ရှိ

လာမယ့်နိုဝင်ဘာ ၅ ရက် ကျင်းပမယ့် ဘာသာရေးပွဲတစ်ခုအတွက် ပြင်ဆင်ရန် ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချောင်ဘူရီပြည်နယ်ရှိ ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း သရက်ပင်ရဲ့တစ်ပင်ကို ခုတ်လဲရာ ပင်စည်အနှစ်အသားထဲမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရကြောင်း ထိုင်းမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။

အဆိုပါရုပ်ပွားတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာခန့်က Nongsang Pracha Bamroong ဘုန်းကြီးကျောင်းထဲမှာ သီတင်း သုံးခဲ့တဲ့ ပထမဆုံး ကျောင်းထိုင်ဆရာတော်ကြီး လက်ထက်ကတည်းက ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ပင်စည်အချင်း ၈၀ စင်တီမီတာနဲ့ အမြင့် ၁၀ မီတာရှိတဲ့ သရက်ပင်တစ်ပင်ကို ခုတ်လှဲစဉ် သစ်ပင်ရဲ့ပင်စည်အတွင်းမှ မြဘုရားပုံစံ ရုပ်ပွားတော်ကို ဖူးတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရုပ်ပွားတော်ကို ဂရုတစိုက် ထုတ်ယူကာ ဆရာတော်ကြီးရဲ့ သီးသန့်အခန်းသို့ ပင့်ဆောင်ထားခဲ့ပါတယ်။

ပြုံးတော်မူနေဟန် ထုဆစ်ထားတဲ့ အဲဒီရုပ်ပွားတော်ဟာ မြဘုရားပုံစံ အစိမ်းရောင်ဖြစ်ပါတယ်။ အပင်ခုတ်လှဲစဉ် လွှတိုက် မိတာကြောင့် အနည်းငယ်ထိခိုက်ပျက်စီးမှုရှိပါတယ်။ အဆိုပါပင်စည်အတွင်း ရုပ်ပွားတော် မည်သို့မည်ပုံ ရောက်ရှိနေကြောင်း စူးစမ်းလေ့လာမှုက လတ်တလော မပေါ်ပေါက်သေးဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ပန်းဘဲတန်း ရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ကြည့်ရှုအားပေး
Next post ချင်းရွှေဟော်-ဟိုပန်ကြား နမ်းဟူးဖောင်ဆိပ်တံတားအား အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီး