ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် တောင်ကိုရီးယားသား

ပြီးခဲ့တဲ့ဇူလိုင်မှာ မာယော့ကာကနေ ၅ နှစ်စာချုပ်နဲ့ရောက်လာပြီး ပီအက်စ်ဂျီအတွက် ကိုယ်စားပြုတဲ့ ပထမဆုံး တောင်ကိုရီးယားသားဖြစ်လာတယ်။ အဲဒီကနေ ၃ လကျော်အကြာဖြစ်တဲ့ အေစီမီလန်နဲ့ချန်ပီယံလိဂ်အိမ်ပွဲမှာတော့ လူစားဝင်ပြီး ပွဲသိမ်းဂိုးသွင်းပေးနိုင်ခဲ့လို့ ပီအက်စ်ဂျီကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို စတင်ရရှိခဲ့တယ်။

လူစားဝင်လာပြီး ပွဲကစားချိန်(၈၈)မိနစ်မှာ ဘယ်ခြေဖြင့် လှလှပပဂိုးသွင်းနိုင်ခဲ့သဖြင့် ပထမဆုံးချန်ပီယံလိဂ် ဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်သမိုင်းမှာလည်း ပက်ဂျီဆန်၊ ဆွန်ဟောင်မင်နဲ့ ဟွမ်ဟီချန်တို့ပြီးရင် ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် တောင်ကိုရီးယားသားဖြစ်လာတယ်။ ၂၂ နှစ်အရွယ် လီကန်အင်ဆိုတဲ့ တောင်ပံကစားသမားလေးအတွက်တော့ တကယ့်ကို မှတ်မှတ်ရရချန်ပီယံလိဂ်ဂိုးဖြစ်သွားပါတယ်။

ပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MGI 2023 ပြိုင်ပွဲကြီးတွင် First Runner Upဆု နဲ့ သာ ကျေနပ်လိုက်ရတဲ့ နီနီလင်းအိမ်
Next post မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ပန်းဘဲတန်း ရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ကြည့်ရှုအားပေး