MGI 2023 ပြိုင်ပွဲကြီးတွင် First Runner Upဆု နဲ့ သာ ကျေနပ်လိုက်ရတဲ့ နီနီလင်းအိမ်

Miss Grand International 2023 Grand Final ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မုဒုံသူ အလှမယ် နီနီလင်းအိမ် ကတော့ MGI 2023 First Runner up ဆုကို ဆွတ်ခူး ရရှိခဲ့ပါပြီ။

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ယနေ့ည မြန်မာစံတော်ချိန် (၆)နာရီခွဲမှာ ကျင်းပခဲ့တဲ့ Miss Grand International 2023 ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အလှမယ် နီနီလင်းအိမ် အပါအဝင် နိုင်ငံပေါင်း ၇၀ ကအလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မ နဲ့ အတူ မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေကိုခေါ်ဆောင်လာတာပါ”ဆိုတဲ့ သူမရဲ့Legendary စကားတစ်ခွန်း ကြောင့် မြန်မာပရိသတ်တွေရဲ့အင်အားကို ကမ္ဘာကသိခဲ့ပါပြီ။ MGI 2023 ပြိုင်ပွဲမှာ Country’s power of the year နဲ့ Miss Popular Vote ၂ဆု လုံးကို လည်း နီနီလင်းအိမ် က သိမ်းပိုက်ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက Popular vote ဆုကိုရရှိသောအတွက်ကြောင့် ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် Miss Grand International 2024 ပြိုင်ပွဲကိုလည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MGI 2023 COUNTRY’S POWER OF THE YEAR ဆုကြီးနှင့် Miss Popular Vote ဆွတ်ခူးရရှိခဲ့သော မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်
Next post ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် တောင်ကိုရီးယားသား