MGI 2023 အလှမယ်ပြိုင်ပွဲကြီးမှာ Title ဆု ၂ ဆု အလှမယ် နီနီလင်းအိမ် ရရှိ

အောက်တိုဘာ ၂၄ ရက် ညပိုင်းက ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ Miss Grand International 2023 Rehearsal မှာ မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်က Global Beauties ရဲ့ Miss Photogenic award by Global Beauties နဲ့ Grand Pageant’s Choice Award ဆုတွေကို ရရှိခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် Miss Grand International 2023 အလှမယ်ပြိုင်ပွဲကြီးရဲ့ Grand Final ကို ယနေ့အောက်တိုဘာ ၂၅ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

“ ဒီနေ့အံ့ဩစရာကောင်းတဲ့ Surprise ဆုအကြီးကြီး‌တွေ Global Beauties ရဲ့ Miss Photogenic နဲ့ Grand Pageant တို့ရဲ့ ဆုနှစ်ဆုရရှိလို့ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်။ နီနီ့ကိုဆက်လက်ပြီးတော့ Fans တွေ ပရိသတ်တွေ ဆက်လက် အားပေးဝန်းရံပေးပါလို့ ” Miss Grand Myanmar 2023 အလှမယ် နီနီလင်းအိမ်က ပြောပါတယ်။

မြန်မာကိုယ်စားပြု အလှမယ် နီနီလင်းအိမ်ရဲ့ ကြိုးစားအားထုတ်မှုကို ပြည်တွင်းရော ပြည်ပနိုင်ငံအသီးသီးက ပရိသတ်တွေ၊ Fans တွေကလည်း အင်တိုက်အားတိုက် ဝန်းရံအားပေးနေကြတာလည်းဖြစ်ပါတယ်။ သူမရဲ့ Ni Ni Lin Eain Instagram မှာလည်း Follower 1 Million ကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

“နီနီ့ Final ပွဲ ယနေ့ ညနေ ကျင်းပမှာပါ။ နီနီတို့ရဲ့ Miss Popular Vote ကို Vote ပေးဖို့ လိုအပ်ပါတယ်။ Miss Popular Vote ကို Vote ရင် နီနီ Top 10 စာရင်းကို တိုက်ရိုက်ဝင်နိုင်ဖို့ ဆက်လက်ပြီး Vote ပေးကြရမှာဖြစ်ပါတယ်။ နီနီတို့ရဲ့ Voting က ယနေ့ အောက်တိုဘာ ၂၅ ရက် ည ၈ နာရီမှာ Voting စပိတ်မှာ ဖြစ်ပါတယ်။ နီနီ့ကို ချစ်ခင်အားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ မြန်မာကို ချစ်တဲ့အတွက် မြန်မာကို Support ပေးပါလို့ ပြောချင်ပါတယ်”လို့ သူမက ဆက်ပြောပါ တယ်။

အဆိုပါပြိုင်ပွဲကြီးကို Grand TV ( Youtube Channel ) က တိုက်ရိုက် LIVE ထုတ်လွှင့်ပြသသွားမှာဖြစ်တာကြောင့် မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်ကို တခဲနက်အားပေးဝန်းရံကြလို့ ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမျိုးသားရေး အားမာန်ခမ်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမည်ဟု နစက ဥက္ကဋ္ဌပြော
Next post ယူရေးရှားဒေသ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ညီလာခံ တက်ရန် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဘယ်လာရုစ် နိုင်ငံသို့ ထွက်ခွာ