ယူရေးရှားဒေသ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ညီလာခံ တက်ရန် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဘယ်လာရုစ် နိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယူရေးရှားဒေသ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့် ညီလာခံသို့ တက်ရာက်ရန် ဘယ်လာရုစ်နိုင်ငံသို့ အောက်တိုဘာ (၂၄) ရက်ညနေပိုင်းက မန္တလေး လေဆိပ်မှတဆင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်ညီလာခံအား အောက်တိုဘာ (၂၆) ရက်နှင့် (၂၇) ရက်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် ကျင်းပမည်ဖြစ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်မှ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး စယ်ရဂေးအာလယဲနိခ်၏ ဖိတ်ကြားချက်အရ ယင်းညီလာခံသို့ တက်ရောက်သွားမည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် အဖွဲ့အား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ တာဝန် ရှိသူများက မန္တလေးလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post MGI 2023 အလှမယ်ပြိုင်ပွဲကြီးမှာ Title ဆု ၂ ဆု အလှမယ် နီနီလင်းအိမ် ရရှိ
Next post MGI 2023 COUNTRY’S POWER OF THE YEAR ဆုကြီးနှင့် Miss Popular Vote ဆွတ်ခူးရရှိခဲ့သော မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်