အိန္ဒိယ၌ မျောက်တစ်ကောင်သည် ၎င်းအားအစာကျွေးသူ၏ နာရေးသို့ ကီလိုမီတာ ၄၀ ရှိသည့်နေရာမှလာရောက်ခဲ့

အိန္ဒိယနိုင်ငံ၌ မျောက်တစ်ကောင်သည် ၎င်းအားအစာကျွေးဖူးသူ ကျေးဇူးရှင်အမျိုးသား၏ ဈာပနသို့ ကီလိုမီတာ ၄၀ ကျော် ဝေးသည့်နေရာမှ အရောက်လာခဲ့ပြီး အဆိုပါ အမျိုးသားရုပ်အလောင်းအားဖက်ကာ မျက်ရည်ကျနေသည့် စိတ်ထိခိုက်ဖွယ် ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့လာခဲ့သည်။

အဆိုပါဗီဒီယိုအား အိန္ဒိယနိုင်ငံ၊ အူတရာပရာဒက်ရှ်ပြည်နယ်၊အမ်ရိုဟာမြို့ရှိနာရေးတစ်ခုတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ကာ အဆိုပါဗီဒီယိုထဲ၌ မျောက်တစ်ကောင်သည် ‌သေဆုံးသူ၏ရုပ်အလောင်းအားဖက်ထားပြီး ကျန်မိသားစုဝင်များ ကဲ့သို့ပင် ဝမ်းနည်းပုံပေါ်နေသည်ကိုတွေ့ရသည်။

ကွယ်လွန်သူအမျိုးသားသည် ၎င်းမ‌ေ-သဆုံးမီအချိန်က အဆိုပါမျောက်အားအစာကျွေးလေ့ရှိပြီး နှစ်ဦးသားနေ့စဉ် ဆော့ကစားသည်အထိ ရင်းနှီးခဲ့ကြကြောင်းလည်းမီဒီယာတစ်ခု၌ဖော်ပြထားသည်။

ယခုဗီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တွင်တင်လိုက်ပြီးနောက် လူအများစုသည် အဆိုပါမျောက်၏ သံယောဇဉ်ကြီးမားပုံနှင့် ဝမ်းနည်းတတ်ပုံအပေါ်အံ့အားသင့်ခဲ့ကြသော်လည်း အချို့ကမူ မျောက်များသည် ယင်းသို့သောအပြုအမူများကို လုပ်တတ် သည်ကအထူးအဆန်းမဟုတ်ကြောင်းမှတ်ချက်ပြုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အနုပညာရှင်များ တက်ရောက်ခဲ့တဲ့ ရွှေသရဖူ သီတင်းကျွတ် အထူး စျေးရောင်းပွဲ
Next post တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နေမှုကို နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု စစ်ဆေး