တမြေ့မြေ့မိုး ဇာတ်လမ်းတွဲကို Fortune TV ရုပ်သံလိုင်းက ထုတ်လွှင့်ပြသ

ပရိသတ်တွေစိတ်ဝင်စားမှုများစွာခံနေရတဲ့ အေးချမ်းမောင်နဲ့ ပန်းရောင်ခြယ်တို့ရဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲကို Fortune TV ရုပ်သံလိုင်းက ယမန်နေ့ အောက်တိုဘာ ၄ ရက် ည ၇ နာရီမှာ စတင် ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ သရုပ်ဆောင် အေးချမ်းမောင်နဲ့ ပန်းရောင်ခြယ်တို့ အကောင်းဆုံး ပုံဖော်ရိုက်ကူးထားကြတဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲ က Singapore နိုင်ငံရဲ့ အာရှအနုပညာဖန်တီးမှု အကယ်ဒမီဆုချီးမြှင့်တဲ့ Asian Academy Creative Awards ရဲ့ Best Actor/Actress in Leading Role – National Winner ဆန်ကာတင်စာရင်း ပါဝင်တာလည်းဖြစ်ပါတယ်။

Mahar ရဲ့ Original Series တစ်ခုဖြစ်တဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲကို အိမ်ထောင်သက်ငယ်စဉ်အချိန်က ပျောက်ချင်း မလှ ပျောက်သွားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဇာတ်အိမ်တည်ထားပြီး ဇာတ်ညွှန်းကို ဆရာမထက်မြက်နိုင်ဇင်က ရေးသားထားတာဖြစ်ပါတယ်။ အချစ်၊ ဒရမ်မာ၊ တုန်လှုပ်ခြောက်ခြားမှု အစရှိတဲ့ ရသတွေပါဝင်တဲ့ ဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်ချမ်းလူက သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင်၊ ပန်းရောင်ခြယ်၊ သဲနန္ဒာစိုး၊ ကျော်ထက်တို့နဲ့အတူ ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။

အပိုင်း ၂၂ ပိုင်းပါဝင်တဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲကိုတော့ အောက်တိုဘာ ၄ ရက်ကစပြီး တနင်္လာနေ့ကနေ သောကြာ နေ့အထိ ည ၇ နာရီမှာ Fortune TV ရုပ်သံလိုင်းက ပြသနေပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆွမ်းဦးပုညရှင်စေတီတော်မှာ တိုးချဲ့တည်ဆောက်နေတဲ့ ရင်ပြင်တော်နဲ့ ဘုရားဖူးများနားနေဆောင် အောက်တိုဘာလ ကုန်မှာ ပြီးစီးမည်
Next post EV ကား မီးလောင်မှုနှင့် ပတ်သက်၍ KSD Mysnmar မှ ရှင်းလင်းချက်ထုတ်ပြန်