ဆွမ်းဦးပုညရှင်စေတီတော်မှာ တိုးချဲ့တည်ဆောက်နေတဲ့ ရင်ပြင်တော်နဲ့ ဘုရားဖူးများနားနေဆောင် အောက်တိုဘာလ ကုန်မှာ ပြီးစီးမည်

ဆွမ်းဦးပုညရှင်စေတီတော်ရင်ပြင်မှာ ဘုရားဖူးများနားဖို့ ကျပ်သန်း ၂၅၀၀ အကုန်ကျခံတည်ဆောက်နေတဲ့ သာသနာ့ဗိမာန် နဲ့ ရင်ပြင်တော်တိုးချဲ့တည်ဆောက်နေမှု အောက်တိုဘာလကုန်ပြီးစီးမယ် လို့ ဆွမ်းဦးပုညရှင်စေတီတော်ဂေါပကအဖွဲ့ မှ သိရပါ တယ်။

စစ်ကိုင်းတောင်ရိုးက ဆွမ်းဦးပုညရှင်စေတီတော်ကြီးရဲ့ရင်ပြင်တော် တိုးချဲ့ကာ ပုညရှင်သာသနာ့ဗိမာန် အဆောက်အအုံကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၉ ရက်က ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ပြုလုပ်ကာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့)တွင် ရာနှုန်းပြည့်ပြီးစီးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုးချဲ့တည်ဆောက်တဲ့ ရင်ပြင်တော်နဲ့ဘုရားဖူးများနားနေဆောင်အဆောက်အဦးမှာ အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာရောက်ကြတဲ့ ပြည်သူတွေ ညအိပ်ညနေတည်းခိုနိုင်အောင် စီစဉ်ထားရာမှာ သာသနာ့ ဗိမာန်တော်ကြီးရဲ့ အောက်ထပ်တွေမှာ တည်းခိုဆောင်တွေကိုပါ ထည့်သွင်း တည်ဆောက် နေကြောင်း၊ တည်းခို ဆောင်နှစ်ထပ်နဲ့ အောက်ဆုံးထပ်တွေမှာ စတိုခန်းတွေလည်း ပါဝင်မှာဖြစ်သလို သာသနာ့ ဗိမာန်တော်ကြီးကို လေးထပ်အဆောက်အအုံအဖြစ် တည်ဆောက်နေတာလို့လည်း သိရပါတယ်။

ဆွမ်းဦးပုညရှင်စေတီတော်ကြီးရဲ့ ရင်ပြင်တော်ကိုလည်း အလျား ၁၄၉ ပေနှင့် အနံ ၆၃ ပေအထိ တိုးချဲ့တည် ဆောက်နေ တာဖြစ်ရာနှစ်စဉ် ခရီးသွားရာသီအချိန်တွေမှာ ဘုရားဖူးခရီးသွားများ လာရောက်လည်ပတ်မှုများတဲ့ စစ်ကိုင်းတောင်ရိုးက အထင်ကရစေတီတော်ကြီးဖြစ်တယ်လို့သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစက ဥက္ကဋ္ဌထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
Next post တမြေ့မြေ့မိုး ဇာတ်လမ်းတွဲကို Fortune TV ရုပ်သံလိုင်းက ထုတ်လွှင့်ပြသ