ပိုင်တံခွန်ရဲ့ စွဲမက်ဖွယ်ကောင်းသောအသွင်အပြင်ကို ပြောပြလာသော မိုးဟေကို

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ မိုးဟေကိုဟာ အနုပညာလောကထဲမှာ ကျင်လည်နေတာကြာပြီ ဖြစ်ပေမယ့် နောက်တက်လူငယ်တွေကိုလဲ အမြဲစောင့်ကြည့်နေတတ်ပြီး ဘယ်အချိန်ထဲက စိတ်ဝင်စားခဲ့လဲဆိုတာကိုတောင် ပြောပြနိုင်တဲ့အထိ အနုပညာလောကကို အမြဲလေ့လာနေသူပဲ ဖြစ်ပါတယ်။ အခုအခါမှာလည်း အနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ ပိုင်တံခွန်နဲ့ ပတ်သက်ပြီး သူတို့နှစ်ဦး စတွေ့တဲ့အချိန်က စပြီး သတိပြုမိတာလေးကို ပြောပြလာပါတယ်။

မိုးဟေကို နှင့် ပိုင်တံခွန်တို့ နှစ်ဦးသည် ကိုဗစ်ကာလ မဖြစ်မီအချိန်က သူတို့နှစ်ဦးရဲ့ ချစ်စရာစွဲမက်ဖွယ်ရာ ပုံစံတွေကို ပရိတ်သတ်တွေကို ချပြပေးတာ ပရိတ်သတ်ကြီးလည်း မြင်တွေ့ပြီး ဖြစ်မည်လို့ ယူဆမိပါသည်။ အခုတစ်ခါမှာလည်း မိုးဟေကိုဟာ ပိုင်တံခွန်နှင့်အတူ အနုပညာအလုပ် လေးတွေကို တွဲဖက်လုပ်ကိုင်ရင်း ပိုင်တံခွန်ရဲ့ စွဲမက်ဖွယ်ရာကောင်းသော အသွင်အပြင်ကို အခုလို ပြောပြလာပါတယ်။

“မိုးဟေကိုက ပိုင်တံခွန်ကို စပေါ်ထဲက သတိထားမိတယ်။ သူ့ကိုပိုပြီး သတိထားမိတာက ဆံပင်အရှည်နဲ့ တက်တူးတွေထိုးထားတာပေါ့။ ပြီးတော့ ပိုပြီးသတိထားမိတာက တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တယ်။ သူအဲ့လို မွေးမြူထားတာလေးတွေကိုကြည့်ပြီး ချစ်တတ် လိုက်တာဆိုပြီး ကိုယ်ကသူ့ကို ပို့ပြီးစိတ်ဝင်စားလာတာပေါ့” ဆိုပြီး မီဒီယာအင်တာဗျူးတစ်ခုမှာ ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လေးနှစ်တာတွဲလာသော ချစ်သူနဲ့ပြတ်သွားပြီးနောက် ချစ်ရသော သူတွေနဲ့ပျော်ရွှင်နေသော Vill
Next post လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီး (တာဝါ)အနီးတွင် ယနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့