လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီး (တာဝါ)အနီးတွင် ယနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့

၂၅.၉.၂၀၂၃ ရက်နေ့၊ ၀၄ ၅၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တပင်ရွှေထီး (တာဝါ)အနီးတွင် မီးလောင်မှုဖြစ်ပွားကြောင်းခဲ့ သိရှိရပါသည်။

မီးလောင်မှုအား လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပါသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့သော်လည်း ဆက်လက်လောင်ကျွမ်းခဲ့သဖြင့် နံနက် ၅ နာရီ ၁၀ မိနစ်တွင် Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြ၍ နံနက် ၅ နာရီ ၂၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ ၂၂ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပိုင်တံခွန်ရဲ့ စွဲမက်ဖွယ်ကောင်းသောအသွင်အပြင်ကို ပြောပြလာသော မိုးဟေကို
Next post ကိုနေတို သားလေးရဲ့ big fan ဆိုပြီး ပြောလာသော ဇာတ်ပို့ သရုပ်ဆောင် သူဇာပွင့်