စိန်နန်းတော် ရဲ့ တောင်ကြီးမြို့ အထူးစျေးရောင်းပွဲကို တက်ရောက်ခဲ့သော သရုပ်ဆောင် မင်းဘုန်းမြတ် နှင့် ဆောင်းယွန်းစံ

စိန်နန်းတော် ရဲ့ တောင်ကြီးမြို့ အထူးစျေးရောင်းပွဲကို စက်တင်ဘာလ (၂၂) ရက်နေ့မှ (၂၇) ရက်နေ့ အထိ (၆) ရက် တိုင်တိုင် တောင်ကြီးမြို့၊ City Square Shopping Center မှာ ကျင်းပ ပြုလုပ်လျက်ရှိပါတယ်။ စက်တင်ဘာလ (၂၃) ရက်နေ့မှာတော့ သရုပ်ဆောင် မင်းဘုန်းမြတ် နှင့် ဆောင်းယွန်းစံ တို့ အနှပညာမောင်နှမ နှစ်ဦး တက်ရောက်ခဲ့ပါတယ်။

သရုပ်ဆောင် မင်းဘုန်းမြတ် နှင့် ဆောင်းယွန်းစံ တို့က ပရိသတ်များ နဲ့အတူ ရင်းရင်းနှီးနှီး တွေ့ဆုံကာ ဂိမ်းအတူ ကစားခဲ့ပြီး၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။

တောင်ကြီးမြို့ အထူးစျေးရောင်းပွဲတွင် စိန်ထည် ဒီဇိုင်း အသစ်တွေကို 25% လျှော့ပေး ပြီး စိန်နားကပ်၊ စိန်လက်စွပ်၊ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေကလစ် နှင့် ငွေသားအန်ပေါင်းများကို ဗလာမပါချက်ချင်းပေါက်ချက်ချင်းယူ မဲဖောက် ပေးမှာဖြစ်ပြီး နှစ်ထပ်ကွမ်း ကံစမ်းမဲ အနေဖြင့် Grand Prize ငွေသား သိန်း (၅၀၀)ကျပ်ဆုကြီး ထပ်ဆင့် ကံထူးခွင့် တွေရရှိမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နောင်ချိုမြို့တွင် ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ်ကို အောက်တိုဘာလ(၁)ရက်နေ့ တွင် ဖွင့်လှစ်မည်
Next post ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်ခရီးစဉ်ဒေသအား ကြည့်ရှုစစ်ဆေး