နောင်ချိုမြို့တွင် ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ်ကို အောက်တိုဘာလ(၁)ရက်နေ့ တွင် ဖွင့်လှစ်မည်

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့၊ မဲပုတ်ကျေးရွာ အနီးတွင် ရောင်စုံဘန်ဂလိုများ ပါဝင်သည့် ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေစခန်းကို အောက်တိုဘာလ (၁)ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အပန်းဖြေစခန်းပိုင်ရှင် က ပြောကြားပါတယ်။

ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေ စခန်းသစ် နှင့်ဟိုတယ်ကို မြေဧက ၅ ဧက နီး ပေါ်တွင်တည်ဆောက် ထားတာဖြစ်ပြီး မြင်းစီးကွင်း၊ စက်ဘီးစီးကွင်း ၊ ပန်းခြံ အပြင် နာနတ်သီးစိုက်ခင်းကိုပါ ထည့်သွင်းစိုက်ပျိုးထားပြီး လက်ရှိတွင် ရွက်ဖျင်တဲ အလုံး (၁၁)နှင့် ရောင်စုံ ဘန်ဂလို လုံးချင်းအိမ်(၁၄) လုံးကို ဖွင့် လှစ်ထားပြီးစုစုပေါင်း( ၂၅) လုံးရှိ ကြောင်း သိရသည်။

” မဲပုတ်ကျေးရွာမှာ ဖွင့်ထားတဲ့ ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေစခန်းကတော့ Luxury Type ပုံစံဘက် သွား တယ်လို့မြင်မိပါတယ်။ ပန်းပင်တွေ ကိုလည်းသပ်သပ်ရပ်ရပ်လေးနဲ့လှအောင်လုပ်ထားတယ်။ မေမြို့ View ကိုခံစားရနိုင်တဲ့ခံစားမှုမျိုးလေးရတယ်။ နောင်ချိုကြီးက တိမ်ပင်လယ်တွေ နဲ့မတူညီတဲ့ ရသတစ်မျိုးကို ရရှိစေတယ်လို့ စိတ်မှာခံစားစေရပါတယ်။ တိမ်ပင်လယ် ကိုသွားတဲ့လမ်းကတော့မြေနီလမ်းဆိုပေမယ့် အရမ်းကြီးတော့လမ်း သိပ်မကောင်းသေးပါဘူး လို့ စက်တင်ဘာ ၁၇ ရက်နေ့က သွားရောက်လည်ပတ်ခဲ့တဲ့ နောင်ချိုမြို့က ဒေသခံ တစ်ဦး ဖြစ်သူ ခရီးသွား အမျိုးသမီး တစ်ဦး ထံမှ သိရှိရပါသည်။

နှစ်ယောက်အိပ် Tent တစ်ည – 80,000 ၊ (၄) ယောက်ခန်း Bangalow – 200,000 ၊ (၈) ယောက်ခန်း Special Bangalow – 320,000 ကျပ် ကျသင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ တရားမဝင် သယ်ဆောင် လာသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ
Next post စိန်နန်းတော် ရဲ့ တောင်ကြီးမြို့ အထူးစျေးရောင်းပွဲကို တက်ရောက်ခဲ့သော သရုပ်ဆောင် မင်းဘုန်းမြတ် နှင့် ဆောင်းယွန်းစံ