သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ တရားမဝင် သယ်ဆောင် လာသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ကျေးရွာအနီး၊ သာစည်-တောင်ကြီးသွားကားလမ်းတွင် ထွန်းမြင့်ဦး မောင်းနှင်ပြီး ဝေဖြိုးကျော် လိုက်ပါလာသည့် DONGFENG ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ ဓာတုပစ္စည်း PHENOL LOOSE CRYSTALS ၂၁ တန် သိမ်းဆည်းရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဓာတုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ တရားမဝင် သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သီချင်း MTV ကို စိုးပြည့်နှင့်ရိုက်ဖို့ (၃)နှစ်ကြာစုခဲ့ရတဲ့ အဆိုတော် ထူးထူး
Next post နောင်ချိုမြို့တွင် ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ်ကို အောက်တိုဘာလ(၁)ရက်နေ့ တွင် ဖွင့်လှစ်မည်