ကင်ဆာနောက်ဆုံးအဆင့် ဖခင်ဖြစ်သူကို အနားကပ် ပြုစုနေတဲ့ အကြောင်း ရေးသားလာသော မခိုင်လေး

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ ……ပရိသတ်အချစ်တော် မခိုင်လေး (ခေါ်) မပွတ်ကျွတ် (ခေါ်) အကယ်ဒမီ ခိုင်သင်းကြည် ဟာ မတူကွဲပြားသော အိုက်တင်များနဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုအခါ မခိုင်လေးဟာ အဆုတ်ကင်ဆာနောက်ဆုံးအဆင့် ရောက်နေတဲ့ ဖခင်ဖြစ်သူကို အနီးကပ်ပြုစုနေရသဖြင့် ပရိတ်သတ်တွေနဲ့ အဆက်အသွယ်ပြတ်နေရ ခြင်းဖြစ်သည်ကို သူမ၏အကောင့်ကနေ အခုလို ရေးသားဖော်ပြလာပါတယ်။

မင်္ဂလာပါရှင်🙏 Fb မသုံးဖြစ်တဲ့၁နှစ်ခွဲလောက်ကာလအတွင်းအလှပုံတွေလဲမတင်ဖြစ်သလို အနုပညာအလုပ်တွေလဲ မလုပ်ဖြစ်တော့ ပရိတ်သတ်တွေနဲ့လဲအဆက်အသွယ်ပြတ််သလိုဖြစ်သွားပါတယ်။အဆုတ်ကင်ဆာနောက်ဆုံးအဆင့် ရောက်နေတဲ့ဖခင်ကြီးနားမှာဘဲနေပြီးပြုစုနေတာ၂နှစ်နီးပါးရှိပါပြီ..တဖြည်းဖြည်းနဲ့အခုချိန်မှာတော့အိပ်ရာပေါ်မှာဘဲအကူမပါရင်မထနိုင်တော့သလို၊အစားအသောက်လဲခွန့်ကြွေးမှစားနိုင်ပါတော့တယ်။

Nurse တွေရှိပေမဲ့လည်းအဖေ့ရဲ့နောက်ဆုံးအချိန်လေးမှာကိုယ်တိုင်အနားမှာနေပြီးပြုစုပေးချင်တာကြောင့်ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေလိုအချိန်အကြာကြီးပေးရတဲ့အလုပ်တွေလုံးဝမလုပ်နိုင်တော့တာပါနော်…အားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင်🙏🙏🙏

DBN ပရိသတ်ကြီးကိုယ်စား ……ပရိတ်သတ်အချစ်တော် မခိုင်လေး၏ဖခင် ကိုယ်စိတ်နှလုံးအေးချမ်းပြီး မြန်မြန်ကျန်းမာ လာပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post YIA ၏ Terminal 1 အတွင်းသို့ လိုက်ပါပို့ဆောင်/ ကြိုဆို မည့် ဧည့်သည်များအား ဝင်ရောက်ခွင့်ပြုကြောင်း ထုတ်ပြန်
Next post သီချင်း MTV ကို စိုးပြည့်နှင့်ရိုက်ဖို့ (၃)နှစ်ကြာစုခဲ့ရတဲ့ အဆိုတော် ထူးထူး