YIA ၏ Terminal 1 အတွင်းသို့ လိုက်ပါပို့ဆောင်/ ကြိုဆို မည့် ဧည့်သည်များအား ဝင်ရောက်ခွင့်ပြုကြောင်း ထုတ်ပြန်

(၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် (၁၁:၃၀) မှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) ၏ Terminal 1 အား အသုံးပြုကြသော လေဆိပ်ဝန်ဆောင်မှု အသုံးပြုသူ (ဆိုက်ရောက် / ထွက်ခွာ) ခရီးသည်များ၏ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများအား လေဆိပ်အဆောက်အအုံ ပရဝုဏ်အတွင်းသို့ ဝင်ရောက် ပို့ဆောင်/ကြိုဆို ခွင့်ပြုခဲ့ပြီ ဖြစ်ရာ –

လေဆိပ်အတွင်းသို့ဝင်ရောက်ခြင်း

————————————

🔹ခရီးသည်များအနေဖြင့် တရားဝင် ခရီးသွားစာရွက်စာတမ်း အပြည့်အစုံဖြင့် ဂိတ်အမှတ် (၃) နှင့် (၄) မှတဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး၊ လိုက်ပါပို့ဆောင်/ ကြိုဆိုကြသော မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် သက်ဆိုင်ရာ တာဝန်ကျဝန်ထမ်းများမှာ ဂိတ်အမှတ် (၂) မှတဆင့်သာ ဝင်ရောက်ရမည် ဖြစ်သည်။

🔹လိုက်ပါပို့ဆောင်/ ကြိုဆိုမည့် ဧည့်သည်များ အနေဖြင့် ဂိတ်အမှတ် (၂) အနီးရှိ Registration Area တွင် ဝင်ရောက်ခွင့်ကတ်ပြားအတွက် စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

လေဆိပ်အတွင်းမှပြန်လည်ထွက်ခွာခြင်း

————————————

🔹ဝင်ရောက်ခွင့်ကတ်ပြားဖြင့် အဆောက်အအုံအတွင်း ဝင်ရောက်ပြီးဖြစ်သော ဧည့်သည်များအနေဖြင့် ဂိတ်အမှတ် (၆) မှ ပြန်လည်ထွက်ခွာပြီး ကတ်ပြားအား ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားပြည်သူများအတွက် စဉ်ဆက်မပြတ် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေသော လေဆိပ်အသုံးပြုမှု အတွေ့အကြုံကောင်းများဖြစ်စေနိုင်ရန်အတွက် သက်ဆိုင်ရာလုံခြုံရေးအစီအမံများအား ပုံမှန်အတိုင်းထားရှိမည် ဖြစ်ရာ လိုက်ပါပို့ဆောင်သူ/ ကြိုဆိုကြသူ ဧည့်သည်များအနေဖြင့် သက်ဆိုင်ရာ လုံခြုံရေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ပြီး လေဆိပ်အဆောက်အအုံအတွင်း ချမှတ်ထားသော စည်းကမ်းများအတိုင်း မိမိတို့၏ ဝင်ခွင့်ကတ်ပြားများကို တစ်ပါတည်းချိတ်ဆွဲထားရန် လိုအပ်မည် ဖြစ်ပါသည်။

စုံစမ်းမေးမြန်းလိုသည့်အချက်များရှိပါကလည်း Terminal ဝင်ပေါက်များအနီးရှိ လေဆိပ် Meet & Greet Counter မှ ဖော်ရွေသော ဝန်ထမ်းများကလည်း ဖြေကြားပေးရန် အသင့်ရှိနေကြပါသည်။ လေဆိပ်အသုံးပြုသူဧည့်သည်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နားလည်မှုကို လေးစားစွာဖြင့် အထူးမေတ္တာရပ်ခံအပ်ပါသည် ဟု YIA ဖေ့ဘုတ်‌ဖေ့ကနေ ရေးသား ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချစ်စရာအမြွှာသမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ပြီဖြစ်သော မေဆူးမောင်
Next post ကင်ဆာနောက်ဆုံးအဆင့် ဖခင်ဖြစ်သူကို အနားကပ် ပြုစုနေတဲ့ အကြောင်း ရေးသားလာသော မခိုင်လေး