
The Pantra ရွှေထည် နှင့်လက်ဝတ်ရတနာဆိုင်သစ် ဖွင့်ပွဲ ကျင်းပ
The Pantra(သည်ပန်ထွာ) Gold & Jewelry ဆိုင်သစ်ဖွင့်ပွဲကို ယနေ့စက်တင်ဘာ၁၇ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ ရတနာပုံစူပါစင်တာ ဒုတိယထပ်၊ မန္တလေးရတနာမောလ်၊ ဆိုင်နံပါတ် (A05D) တွင် ပြုလုပ်ရာ မင်းသမီး အကယ်ဒမီ ရွှေမှုန်ရတီ၊ မင်းသမီး မေတိုးခိုင် နှင့် ဆွိ တို့ တက်ရောက်ခဲ့ပါတယ်။
The Pantra ဆိုင်သည် ၁၆ပဲရည် ရွှေရည်ပြည့်မှန်ကြောင်း အာမခံချက်အပြည့်ဖြင့် ရွှေထည်များကို ရောင်းချပေးနေသလို ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ပစ္စည်းတခုဝယ်ယူသူတိုင်းကို ၂၀ရာခိုင်နှုန်း လက်ခလျှော့ပေးမည့်အပြင် ချက်ချင်းနှိုက်ချက်ချင်းပေါက် ဗလာမပါကံစမ်းမဲတွင် ရွှေလက်စွပ် ၁၀ကွင်း၊ ရွှေဆွဲကြိုး ၃ကုံးနှင့် အခြားဆုမဲပေါင်းများစွာကို အောက်တိုဘာ၂ရက်အထိ ပရိုမိုးရှင်းပေးထားသည်။




More Stories
မေလ ၁၈ ရက်မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေး ကျင်းပမယ့် ကောင်းပြည့်နဲ့ သန္တာဗိုလ်
ချစ်သူသက်တမ်း ၁၃ နှစ်ကျော်ရှိလာတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးတို့ကို မကြာခင် ကျင်းပသွားမှာဖြစ်ပါတယ်။ “စွံ ကုန်ပြီဟေ့ One of my Favorite Couples လေးပါ” လို့...
သရဲဟာသ ဇာတ်လမ်းပုံစံ “နေမဝင်ရွာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ
Lotus Film Production က သရဲဟာသ ဇာတ်လမ်းပုံစံ “နေမဝင်ရွာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို မေလ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ “ကျွန်တော်က ဒီဇာတ်ကားမှာ...
မွေးနေ့ကုသိုလ်အလှူအဖြစ် ပုဂံမှာ မောင်ရှင်လောင်း ၃၁ ပါးကို ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပပေးခဲ့တဲ့ အကယ်ဒမီ မေမြင့်မိုရ်
အလှူဒါယိကာမ အကယ်ဒမီ မေမြင့်မိုရ်ရဲ့ မွေးနေ့ကုသိုလ် အလှူအဖြစ် မောင်ရှင်လောင်း ၃၁ ပါးအလှူတော် မင်္ဂလာအခမ်းအနားကို ပုဂံမြို့၊ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ “မေရဲ့ မွေးနေ့အကြို အလှူအနေနဲ့ ပုဂံ၊ ညောင်ဦးမြို့မှာ ရှင်လောင်း ၃၁ ပါး...
ဝါရင့်သရုပ်ဆောင်နဲ့ဒါရိုက်တာကြီး မောင်မောင်မြင့် ရဲ့ နောက်ဆုံးခရီးပုံရိပ်များ
ကွယ်လွန်သွားခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသားချော ပြေငြိမ်း ရဲ့ ဖခင်လည်း ဖြစ် ၊ နိုင်ငံကျော်ဝါရင့်အနုပညာရှင်ကြီးတစ်ဦးလည်း ဖြစ်တဲ့ သရုပ်ဆောင်နဲ့ ဒါရိုက်တာကြီး ဦးမောင်မောင်မြင့်ဟာ မေလ ၇ ရက် မနက် ၁၀ နာရီက ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။...
ဒါရိုက်တာစင်ရော်မောင်မောင် ယာဥ်တိုက်မှုဖြစ်ပြီး ပေါင်လယ်ရိုးကျိုးသွား၊ နောက်ထပ်သုံးယောက်လည်းထိခိုက်ဒဏ်ရာရ
နေပြည်တော် ၊ဇဗ္ဗူသီရိမြို့နယ် ၊ဆေးရုံအနီးမှာ မေလ ၅ ရက်နေ့ ညနေပိုင်းက ဒါရိုက်တာစင်ရော်မောင်မောင် ယာဥ်တိုက်မှုဖြစ်ပြီး ဘယ်ဘက်ပေါင်လယ်ရိုးကျိုးသွားတယ်လို့ သိရပါတယ်။ ယာဥ်တိုက်မှုက မနေ့က ညနေ ၅ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ လက်ရှိ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံမှာ...
အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “နှင်းဆီဆူး” The Queen (Film Series) ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး
ရွှေနဒီရွှေရည် ထုတ်လုပ်ရေးက အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “နှင်းဆီဆူး” The Queen (Film Series) ကန်တော့ပေးပွဲ အခမ်းအနားကို ယနေ့ မေလ ၅ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ...