
(၈-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၈-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ စစ်ကိုင်းတွင် လုပ်အားပေးနေသည့် စေတနာ့ဝန်ထမ်းများ၊ မလေးရှား ကယ်ဆယ်ရေးအဖွဲတိုကို နစက ဥက္ကဋ္ဌက သွားရောက်အားပေး
၂။ မန္တလေးမြိုတွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲများကို နစက ဥက္ကဋ္ဌ သွားရောက်တွေ့ဆုံ
၃။ တစ်ဖက်သတ် ပြစ်တင်ဝေဖန်မှုများ ဆက်လုပ်နေမည့်အစား မြန်မာနိုင်ငံ၏ သဘာဝဘေးတုံပြန်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ကူညီပံ့ပိုးပေးရန် ကုလသမဂ္ဂကို MOFA တိုက်တွန်း
၄။ ငလျင်ဘေးသင့်ပြည်သူများအား နိုင်ငံတကာမှ လှူဒါန်းရန် ကတိပြုငွေ အမေရိကန် ဒေါ်လာ ၉၃ သန်း ရရှိထားပြီး ကုလသမဂ္ဂ၏ အရေးပေါ်ရန်ပုံငွေမှလည်း အမေရိကန်ဒေါ်လာ ၅ သန်း အသုံးပြုသွားမည်ဖြစ်
၅။ စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ အသိပေးထား
၆။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း
၇။ ငလျင်ဒဏ်သင့်ဒေသများအတွက် အော်ပရေတာများအားလုံး အခမဲ့ စာတိုပေးပိုမှုကို ဧပြီ ၁၁ ရက်အထိထပ်မံတိုးပေး
၈။ ဧပြီလ ၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၁၀ ကျပ်၊ Octane 92 – ၃၀၀၀ ကျပ်၊ Octane 95 – ၃၀၅၀ ကျပ်၊ Diesel – ၂၅၈၀ ကျပ်၊ Premium Diesel – ၃၁၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ တောင်ကိုရီးယား တောမီးကယ်ဆယ်ရေးတွင် ဝင်ကူညီခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသားသုံးဦး နှစ်ရှည်နေထိုင်ခွင့်ဗီဇာများ ရရှိ
၂။ အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇ ဦး ရှိလာ
၃။ တောင်ကိုရီးယားလွှတ်တော်ဥက္ကဋ္ဌက သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာများကို လျှော့ချရန် အခြေခံဥပဒေကို ပြင်ဆင်ရန် အဆိုပြု
၄။ ယူကရိန်းအပေါ် ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့်လာနေတယ်လို ယူကရိန်းသမ္မတပြော
၅။ အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေက အဓိပ္ပါယ်မရှိဘူးလို အီရန်အစိုးရပြော
၆။ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ မြိုကြီးများတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွား
အားကစားသတင်းများ
၁။ မန္တလေးငလျင်ကြီးကြောင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်း ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး
၂။ မတ်လ(၂၈)ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် နေပြည်တော်မှာလေ့ကျင့်နေတဲ့ အားကစားနည်းတွေထဲက (၈)မျိုးကို ရန်ကုန်မြိုမှာလေ့ကျင့်သွားမည်
၃။ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန် အသင်းဟာ လိဂ်ပွဲစဉ် ၃၁ မှာ စပါး အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ရှုးနိမ့်ခဲ့ပြီးတဲ့ နောက် လက်ကျန် ၇ ပွဲအလိုမှာပဲ ချန်ပီယံရှစ်ကိုတန်းဆင်းသွားခဲ့ရ
၄။ ဗြိတိန်ဂျုဒိုအဖွဲချုပ်ရဲ့နည်းပြဖြစ်သူ ဂျေမီဂျွန်ဆင် ဟာ အဖွဲချုပ်မှာရှိတဲ့ကစားသမားများကို အနိုင်ကျင့်မှုများပြုလုပ်ခဲ့
၅။ မြောက်ကိုရီးယားနိုင်ငံမှာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကို မြိုတော်ပြုံယမ်းမှာ ကျင်းပခဲ့
အနုပညာသတင်းများ
၁။ ငလျင်ကြောင့် ပြိုလဲပျက်စီးခဲ့ရတဲ့ သာသနာ့ဝံသီကျောင်းနဲ့ ဓမ္မရွှေပြည်ချောင်ကျောင်းတိုက်က ဆရာလေးတွေအတွက် ယာယီကျောင်းဆောင်တဲကို ကိုယ်ရဲ့ကာယအားနဲ့ လိုက်လံ ကိုယ်ထိလက်ရောက်လှူဒါန်းနေတဲ့ ဇွဲနိုင်ဝင်း
၂။ ပြည်တွင်းပြည်ပ ပရဟိတကယ်ဆယ်ရေးသမားတွေ ကျေးဇူးကြောင့် နာရီပေါင်းမြောက်များစွာ ပိတ်မိနေတာကို ကယ်ထုတ်နိုင်လို အတိုင်းမသိဝမ်းသာပါတယ်ဆိုတဲ့ အေဏီဇော်
၃။ ငလျင်ကြောင့် ကျောက်ဆည်မြိုက သေဆုံးသွားကြတဲ့ ကလေးတွေရဲ့ မိသားစုဝင်တွေကို ငွေလှူဒါန်းပြီး အားပေးနှစ်သိမ့်စကားပြောဆိုခဲ့တဲ့ ဖြူဖြူထွေး