Comedy Horror ဇာတ်လမ်းပုံစံ “သရဲကား” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ အခမ်းအနားကျင်းပ

ဖေဖော်ဝါရီလ ၆ ရက်

Comedy Horror ဇာတ်လမ်းပုံစံ  “သရဲကား” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“သရဲကားဆိုတဲ့အတိုင်းက ကိုယ့် အရမ်းခြောက်လန့်နေတာမျိုး မဟုတ်ဘဲ Comedy Horror ဆိုပေမယ့် ထုံးစံအတိုင်း Drama ပါးပါးလေးပါပါတယ်။ Comedy Only မဟုတ်ဘူး။ ဒီကားမှာ Music Video ဆိုလည်း ကျွန်တော် ကောင်းကောင်းသုံးပေးထားတယ်။ ကျွန်တော်က သရဲကားနဲ့ပတ်သက်ရင်တော့ အတွေ့အကြုံနည်းပါတယ်။ လိုအပ်တာရှိရင် ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်။ တတ်သလောက် ကျွန်တော်ကြိုးစားထားပါတယ် ” လို့ သရုပ်ဆောင် ဒါရိုက်တာခင်လှိုင် (ဉာဏ်ကြီးရှင်) က ပြောပါတယ်။

ကြည်နူးစေ ရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒီဒီထက်အောင်က ရေးသားထားပြီးတော့ တွဲဖက်ဒါရိုက်တာ မိုးမိုး၊ ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်)က ရိုက်ကူးပြီး အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ကျော်ကျော်ဗို၊ ခင်လှိုင်၊ မိုးမိုး၊ လီလီကျော်ခိုင်၊ ဝေလာရီ၊ ခြူးစစ်ဟန်၊ မိုးပွင့်ဖြုု၊ ငြိမ်းစုဝေနဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။

“လီလီတို့ ဒီဇာတ်ကားကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းက ရိုက်ကူးထားခဲ့တာပါ။ စီနီယာအကိုတွေ ရိုက်ထားတာမို့ ခုမှ ပထမဆုံးပြန်ကြည့်ရမှာမို့ အများကြီး ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ပရိသတ်ကို အစစ်တွေချည်းဘဲ ချပြချင်၊ ရိုက်ချင်တဲ့ ဒါရိုက်တာကြီးနဲ့ ချစ်သူကောင်မလေးကို မင်းသမီးဖြစ်စေချင်တဲ့ သရဲတစ်ကောင်တို့အပြင် ရုပ်ရှင်ထဲမှာ မကျွတ်မလွတ် ဝိညာဥ်တစ်ယောက် ရောက်ရှိလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ဇာတ်လေးပါ ” လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ပြောပါတယ်။ 

“သရဲကား” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ကို ၂၀၂၅ ခုနှစ်တွင် UNESCO တင်သွင်းမည်
Next post NLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြိုမှာ KTV နဲ့ အနှိပ်ခန်းတွေ ပေါများလာပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေကိုပါ အလုပ်ခန့်နေ