NLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြိုမှာ KTV နဲ့ အနှိပ်ခန်းတွေ ပေါများလာပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေကိုပါ အလုပ်ခန့်နေ
TNLA ထိန်းချုပ်ပြီး ၎င်းတိုရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ လည်ပတ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ကွတ်ခိုင်မြိုမှာ KTV နဲ့ အနှိပ်ခန်းဆိုင်တွေ သိသိသာသာ ပေါများလာပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေကိုပါ အလုပ်ခန့်တာတွေရှိနေတယ်လို အဲဒီဒေသတွင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
အဆိုပါ ကွတ်ခိုင်မြိုမှာ ယခင်က KTV နဲ့ အနှိပ်ခန်းဆိုင် ၅ ခုဝန်းကျင်သာရှိခဲ့ရာကနေ ယခုအခါမှာတော့ KTV ဆိုင်တွေ ၁၀ ခုထက်မနည်းတိုးလာသလို အဲဒီ KTV ဆိုင်တွေမှာဆိုရင် မူးယစ်ဆေးဝါးတွေကိုလည်း အလွယ်တကူ အသုံးပြုနိုင်နေပြီလို ဆိုပါတယ်။
ဒါ့အပြင် အဆိုပါ KTV နဲ့ အနှိပ်ခန်းတွေမှာ ကျေးလက်ဒေသတွေကနေ လာရောက်လုပ်ကိုင်ကြတဲ့ အသက် ၁၅ နှစ်ကနေ ၁၇ နှစ်ကြားအရွယ် အမျိုးသမီးငယ်တွေကိုသာ အများဆုံးတွေ့ရတဲ့အတွက် ယခုလို အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေကို အလုပ်ခန့်တာတွေမရှိအောင် စီစစ်ဆောင်ရွက်ပေးဖို ဒေသခံတွေက တောင်းဆိုထားကြပေမယ့် အရေးယူဆောင်ရွက်ပေးတာမျိုးတော့ မရှိသေးဘူးလို သိရပါတယ်။