(၂၈-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၈-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြု
၂။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆) သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ်
၃။ ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၅ သန်းခန့်နှင့် တရုတ်ယွမ် ၅ သိန်း ထပ်မံထုတ်ရောင်း
၄။ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယခင်နှစ်များနှင့်မတူ ပိုမိုခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဟုဆို
၅။ သံဖြူဇရပ်မြို တည်ထောင်ခြင်း နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲ ၅ ရက်ကြာ ပြုလုပ်မည်
၆။ စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA) အဖွဲဝင် (၂) ဦးကိုဖမ်းမိ
၇။ ညောင်ဦးမြိုနယ် ကြအိုကျွန်းကျေးရွာရှိ စက်ပစ္စည်းဆိုင်ကို စစ်သွေးကြွတွေ ဓားပြတိုက်ပြီး ဆိုင်ပိုင်ရှင်နှင့် ယောက္ခမဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား
၈။ ဒီဇင်ဘာလ ၂၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၀ ကျပ်၊ Octane 95 – ၃၁၂၀ ကျပ်၊ Diesel – ၂၆၃၅ ကျပ်၊ Premium Diesel – ၃၂၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းရန် တရုတ်နှင့် ဂျပန် သဘောတူ
၂။ အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း၏ ဈာပနကို နိုင်ငံတော်အခမ်းအနားဖြင့် ပြုလုပ်မည်
၃။ နိုင်ငံ့ကြွေးမြီအခြေအနေ မပြောင်းလဲပါက အမေရိကန်သည် ဒေဝါလီခံရနိုင်ဟု အီလွန်မတ်ပြော
၄။ ပါကစ္စတန်စစ်တပ်က အီမရမ်ခန်းထောက်ခံတဲ့ နောက်ထပ် အရပ်သား ၆၀ ကို ထောင်ဒဏ်အသီးသီးချမှတ်
၅။ အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းတွေမှာ စစ်ရေးလေ့ကျင့်မှုတွေပြန်လုပ်ဖို ထရမ့်ကို စစ်ရေးလေ့လာသူ တောင်းဆို
၆။ လေယာဉ်ပျက်ကျတဲ့ကိစ္စ “အနုမာနအယူအဆ” တွေနဲ့ ဝါဒမဖြန့်ဖို ရုရှားသတိပေး
အားကစားသတင်းများ
၁။ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံရှိအားကစားအဖွဲချုပ်များရဲ့ဒါရိုက်တာများညီလာခံကို ဘေဂျင်းမြိုမှာကျင်းပခဲ့
၂။ အာဆီယံ မစ်ဆူဘီရှီဖလား ဆီမီးဖိုင်နယ်အဆင့် အိမ်ရှင်စင်ကာပူအသင်းကို ဗီယက်နမ်အသင်း ဂိုးပြတ်ဖြင့် အနိုင်ရ
၃။ အိန္ဒိယ ခရစ်ကတ် ကစားသမားဖြစ်သူ ဗီရတ်ခိုလီ ဟာ ပြိုင်ဘက်ကစားသမားကို ပခုံးနဲ့ဝင်တိုက်ခဲ့တာကြောင့် ပွဲစဉ် ကစားမယ့်လစာ ၂၀ ရာခိုင်နှုန်းကို ဖြတ်တောက်တဲ့ပြစ်ဒဏ်ချမှတ်ခံရ
၄။ ကနေဒါ အမျိုးသမီးရေခဲပြင်ဟော်ကီလိဂ်အသင်း မွန်ထရီရယ် ဗစ်တိုရီ အသင်းဟာ ၎င်းတိုရဲ့ကစားသမား ဟောင်းဖြစ်သူ ကတ်သရင်း ဒါအတ်စ် ကို ခေါ်ယူခဲ့
၅။ အမေရိကန်ဘတ်စကက်ဘောလိဂ်ဖြစ်တဲ့ အန်ဘီအေ ရဲ့ ခရစ်စမတ်နေ့ပွဲစဉ်ဟာ လိဂ်သမိုင်းတစ်လျှောက် ၅ နှစ် အတွင်း လူမှုကွန်ယက်ကနေကြည့်ရှုနှုန်းဟာ စံချိန်တင်များပြားခဲ့
အနုပညာသတင်းများ
၁။ “ပဉ္စလက်မိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၆ ရက်မှာ ရိုက်ကူးပြီးစီးပြီမို မကြာခင်ရုံတင်နိုင်ဖို ကြိုးစားပါမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိင်
၂။ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပ
၃။ ထိတ်လန့်ခြောက်ခြားဖွယ် Horror ဇာတ်လမ်းပုံစံ “ဇော်ဂနီ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show အခမ်းအနားကျင်းပ