ဟင်္သာတခရိုင်၊ အိပ်ပျက်ကျေးရွာအုပ်စု၌ ဒေသခံ ၁၀၀၀ ကျော် အရေးပေါ်အကူညီလိုအပ်နေ
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အိပ်ပျက်ကျေးရွာအုပ်စု၌ မြစ်ကမ်းပြိုခြင်းနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် နေအိမ်များ ရေနစ်မြုပ်လာသည့်အတွက် ဒေသခံ ၁၀၀၀ ကျော်အား ဘေးလွတ်ရာ ပြောင်းရွှေ့နေရပြီး အရေးပေါ်အကူအညီများ လိုအပ် နေကြောင်း ဒေသခံပရဟိတအဖွဲ့များထံမှ သိရသည်။
ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး နေအိမ်များရေနစ်မြုပ်လာခြင်းနှင့် မြစ်ကမ်း ပါးပြိုကျလာသည့်အတွက် လာမည့်ရက်များ တွင် ကမ်းပါးထပ်မံပြိုကျခြင်းနှင့် ဧရာဝတီဖြစ်ရေ ထပ်မံမြင့်တက်လာနိုင်ခြေရှိသဖြင့် သြဂုတ် ၂၉ ရက်နေ့အထိ အိမ်ပျက် ကျေးရွာအုပ်စုရှိ လူနေအိမ်အလုံး ၂၉၀ မှ လူဦးရေ ၁၀၄၇ ဦးအား ရေ ဘေးနှင့် ကမ်းပြိုဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထား ရကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးကြောင့် အိပ်ပျက်ကျေးရွာအုပ်စုရှိ ဖောင်ဆိပ်၊ တာငုတ်၊ငှက်ပျောတောနှင့် အုန်းတော စသည့်ကျေးရွာ များက အများဆုံးရွှေ့ပြောင်းထားရပြီး ဟင်္သာတခရိုင်မှ လူမှုကူညီရေးအဖွဲ့များနှင့် အခြားမိတ်ဖက်အဖွဲ့ အစည်းများမှ ကူညီ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။
အိပ်ပျက်ကျေးရွာအုပ်စု၌ ကမ်းပါးပြိုကျခြင်း၊ ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သဘာဝ ဘေးဒဏ်နှစ်ခုအား တစ်ချိန်တည်းခံစားနေရကြောင်း လတ်တလောကူညီထောက်ပံ့မှုများ မရရှိသေး ကြောင်း ဒေသခံများထံမှ သိရသည်။